အိမ်စရိတ်အတွက် နေပူကြီးထဲမှာ တနေကုန် ကြက်မွှေးလိုက်ရောင်းနေရတဲ့ အသက် (၈၀) ကျော် အဖိုး
အဖွားကြီး အရမ်းပျော်နေတော့မှာ…ဒီ (၁)လ စားဖို့ မပူရတော့ဘူး
အဖိုး အသက် (၈၀)ကျော်တဲ့၊ အဖွား(မိန်းမ)နဲ့ နေတယ်တဲ့…အဖွားက နေမကောင်းတော့ အဖိုးပဲ စျေးထွက်ရောင်းတာတဲ့
အဖိုးရေ…ဒီကြက်မွှေးလေး ဘယ်လိုရောင်းတုန်း၊ တချောင်း -၅၀၀၀ ကျပ် ပါ သားရယ်၊ ဟုတ်..အဖိုး မောလို့လား ထိုင်နေတာ
ဟုတ်တယ် သားရယ်…နေ့ခင်း နေအရမ်းပူတော့ ပတ်လျှောက်တာ မောလွန်းလို့ ထိုင်နားနေတာ၊ ရောင်းကောင်းရဲ့လား၊ ခုထိတော့ စျေးဦးမပေါက်သေးပါဘူးသားရယ်…အမောပြေရင်တော့ ထပ်ပတ်ပြီး ရောင်းမယ်
ဟုတ် အဖိုး…ဒါဆို သား တချောင်းယူမယ်နော်။ ကျေးဇူးပါ သားရယ်…အဖိုး စျေးဦးပေါက်ပြီပေါ့။ ဟုတ် အဖိုး ရော့… ၅၀၀၀၀ ကျပ်
ဟာ ပိုက်ဆံတွေ အများကြီးပဲနော်…ပိုနေတယ် အဖိုးကို (၁)ရွက်ပဲ ပေးရမှာ သား၊ ဟုတ် အဖိုး ပိုနေတာ အဖိုး ယူလိုက်ပါနော်။ ဟာ…ဝမ်းသာလိုက်တာ…အိမ်ပြန်ရင် အဖွားကြီးတော့ အရမ်းပျော်နေတော့မှာ။
ဘာလို့လဲ အဖိုးရဲ့၊ ပျော်နေမှာ…အဖိုးတို့တွက် ဒီ (၁)လစာ စားဖို့ မပူရတော့ဘူး…အဖွားကြီး အရမ်းပျော်နေမှာ
ဟုတ် အဖိုး ဒါဆို အဖိုး အိမ်အစောကြီးပြန်နားတော့နော်…အဖွားကိုလဲ ပိုက်ဆံတွေ အပ်လိုက်နိုင်ပြီပေါ့။ ကျေးဇူးအရမ်းတင်ပါတယ် သားရယ်…အဖိုးတို့တွက် တကယ့်ကို ဒီလ မပူပန်ရတော့ဘူး။
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးနဲ့အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)
ဪ…ကျနော်တို့တွက် (၅)သောင်းဆိုတာ မသိသာပေမယ့် တကယ်လိုအပ်နေတဲ့ အဖိုးအဖွားများတွက်ကျ သိပ်တန်ဖိုးရှိတာပဲ။
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ