ရုရှားက ယူကရိန်းကို စစ်ဆင်ရေး စတင်မယ့်အချိန် (Zero Hour) ကို အမေရိကန် ထုတ်ပြန်
အမေရိကန်ထောက်လှမ်းရေးသတင်းတွေအရတော့ ပူတင်ဟာ ယူကရိန်းကို ကျူးကျော်ဖို့ ဆုံးဖြတ်ပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ကျူးကျော်နိုင်တဲ့နေ့ကတော့ ဗုဒ္ဓဟူးနေ့ဖြစ်နိုင်ဖွယ်ရှိပြီး ဒီလ ၂၀ မတိုင်ခင်လို့ ဆိုပါတယ်။
ကမ္ဘာ့အာမခံ ကုမ္ပဏီကြီးတွေက ယူကရိန်းလေပိုင်နက်က ဖြတ်သန်းမောင်းနှင်ကြမယ့် လူစီးခရီးသည်တင်လေယာဉ်တွေအပါအဝင် လေယာဉ်အားလုံးကို အာမခံကြေးပေးတော့မှာ မဟုတ်ဘူးလို့ ကြေညာပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Wallace က ယူကရိန်းအခြေအနေဆိုးရွားလာတာကြောင့် ပြည်ပခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါတယ်။
ရုရှားသံအမတ်ကြီးက “အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှုကို စောင်ဂရုမစိုက်ဘူး။” လို့ ပြောကြားပါတယ်။
ဂျာမနီကတော့ စစ်ဖြစ်လာတာနဲ ရုရှားဟာ သီးသန့်အထီးကျန်တဲ့ နိုင်ငံဖြစ်သွားလိမ့်မယ်လို့ သတိထပ်ပေးလိုက်ပါတယ်။
Nay Thway