ခန္ဓာကိုယ် တခုလုံး တုန်နေပေမယ့် စပါးတွဲနဲ့ ပန်းလေးတွေ ရောင်းနေရရှာတဲ့ အသက် (၈၀) အဖွား

ငွေ (၁)သိန်းဆိုတာ… အဖွား အိပ်မက် မက်နေသလိုပဲ သားရယ်

အဖွား အသက် (၈၀) နှစ်… အသားတွေ တုန်နေပြီ… စပါးတွဲတွေ… ဂျီးတွန်းတဲ့ သပွတ်အူ…ကံ့ကော်ပန်းလေးတွေ ရောင်းနေရှာတယ်။

အဖွားရေ… ဘာတွေ ရောင်းတာတုန်း၊ သားရေ… ကံ့ကော်ပန်း… ဂျီတိုက်တာရယ်… စပါးတွဲလေးတွေပါ။ ကံ့ကော်ပန်းလေးတွေ ဘယ်လိုရောင်းတုန်း၊ တထုပ် – ၁ထောင်ကျပ်ပါ သား၊

ဘယ်နှထုတ်ရှိလဲ အဖွား။ ၅ထုပ် ရှိတယ် သား၊ ဟုတ် အဖွား အကုန်ယူမယ်… အဖွားက ပြန်တော့မှာလား။ မပြန်သေးပါဘူး သားရယ်… ဒါတွေ ကုန်မှ ပြန်ရမှာပါ သား။

ဟာ…ဒါတွေ ကုန်မှဆို…ရောင်းကုန်ပါ့မလား၊ မိုးချုပ်တဲ့ထိတော့ ရောင်းကြည့်မယ် သားရယ်…မကုန်တော့လဲ အဖွား ကံပေါ့။

ဟုတ် အဖွား…ဒါတွေ ကုန်ရင် တကယ်ပြန်မှာလား၊ ကုန်ရင် ပြန်မှာ သား…ပြန်ချင်တယ် သားရယ်၊ ဒါဆို အဖွား အိမ်ပြန်တော့နော်…ဒါတွေ အကုန် သားယူမယ်၊ ဟာ… တကယ်လား အဖွား… အဖွား ထည့်ပေးမယ်နော်။

တကယ်ပေါ့ အဖွား… တခါတည်း တွက်ကြည့်ကြမယ်။ သားလေး အကုန် (၁သောင်းခွဲ)ပဲ ပေးပါ။ ဟုတ် အဖွား…ရော့ ကျပ် ၁၀၀၀၀၀ နော်။ ဟာ…သား ပိုက်ဆံတွေ အများကြီးပဲပိုနေတယ်။ ပိုနေတယ်ဆို အဖွား ယူလိုက်နော်။

ဝမ်းသာလိုက်တာ သားရယ်…တစ်သိန်းဆိုတာ အဖွား အိမ်မက် မက်နေသလိုပဲ။ သားပေးတာလေး…အဖွား ဘုရားမှာ အဖွားနမည်လေးနဲ့ ကမ္မည်းလေး ထိုးချင်နေတာ…ခု လုပ်ခွင့်ရပြီ…အရမ်းပျော်တာပဲ သားရယ်။

ဟုတ် အဖွား…အဖွား ဆန္ဒလေး လုပ်လိုက်နော်…ခုတော့ အိမ် ဂရုစိုက်ပြန်နော်။ ပျော်လိုက်တာ…အကုန် ရောင်းကုန်ပြီ…အိမ်ပြန်ရပြီ။

(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင် လှူဒါန်းပေးကြသော ၇ ရက် သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ)

ဪ… (၅)ထောင်လောက် ရောင်းရဖို့ကို… မိုးချုပ်တဲ့ထိ ပင်ပင်ပန်းပန်းရောင်းနေရတဲ့ အဖိုးအဖွားများစွာ ရှိနေပါသေးလား

ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page