သင်္ချိုင်းဆိုတာ အမင်္ဂလာ အရပ်လား (သို့) သင်္ချိုင်းကြောက်ကြတဲ့ ရွှေမြန်မာတွေရဲ့ တလွဲအယူအဆများ
တာမွေသင်ချိုင်းနေရာမှာ အိုးရှင်းဆူပါမားကက်ကြီး ဆောက်ပြီးလူတွေလည်းနေတယ်။ မသန့်ဘူး။ အမင်္ဂလာလို့ ဘယ်ကောင်ကမှ မပြောဘူး။
ကြံတောသင်္ချိုင်းနေရာကို တိုင်းစကွဲရားကြီး ဆောက်ပြီး လူတွေနေကြတယ်။ မသာမြုတ်တဲ့နေရာကြီး။ မသန့်ဘူး၊ သူရဲခြောက်တယ်ဆိုပြီး မဝယ်ဘဲနေလား။ မသွားဘဲနေလား။
၉ မိုင် တရုတ်သင်္ချိုင်းကို ဝိတိုရိယဆေးရုံဆောက်တယ်။ မသန့်ဘူး အမင်္ဂလာကြီးဆိုပြီး မသွားဘဲနေကြလား။ မအူကုန်းတရုတ် သင်္ချိုင်းဖျက်ပြီး မဂ်လာစျေး ဆောက်ခဲ့တယ်။ တာမွေဗျိုင်းရေအိုးစင် တရုတ်သင်္ချိုင်းဖျက်ပြီး၊ တာမွေစျေးဆောက်ခဲ့တယ်။ လူတွေမလာဘဲနေလား။ မသန့်ဘူးပြောကြလား။ ဘာတဲ့မင်းမိန့်နဲ့ပြန်တန်းထုတ်ပြီးသားတဲ့။
ကိုယ့်စောင်ကျိုးအတွက်ကြတော့ မင်းမိန့်နဲ့နှင်လို့ရတယ်ဟုတ်လား။ စည်တော်ကြီးကို ကိုယ်ကျိုးသုံးတာလဲ မဟုတ်ဘူး။ ဘုရားလှူဘို့လုပ်တာ။ ဗုဒ္ဓ စက်တော်ရာ တရားဒေသနာတွေအပြည့်။ ဆရာတော်ကြီးများကိုယ်တိုင် ဗုဒ္ဓဘိသေကမင်္ဂလာ လုပ်ပြီးသား။ ဒါကြတော့အမင်္ဂလာဖြစ်တယ် ဟုတ်လား။ အရူးတွေ။
ဗုဒ္ဓဘာသာဝေဖန်ခံရတာ၊ ဒင်းတို့ကြောင့်။ ခင်ဗျားတို့ကြောင့် သန့်စင်မွန်မြတ်တဲ့ ဗုဒ္ဓဘာသာဟာ လိုရာဆွဲသာသနာလိုမျိုး အထင်သေးခံရတာ။ သေချာတွေး သေချာစဉ်းစား။ ကောင်းတာလုပ်ရင် မင်္ဂလာပဲ။ မကောင်းတာလုပ်ရင် အမင်္ဂလာပဲ။
U Kyaw Nyein Zaw