အိမ်မှာတင် ကိုယ်တိုင် အလွယ်တကူလုပ်နိုင်တဲ့ ပိုက်ဆံ တကျပ် မကုန် အဲကွန်း ပြုလုပ်နည်း

အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ပဲ အလွယ်တကူ ပြုလုပ်လို့ရမယ့် အဲကွန်း ပန်ကာ ပြုလုပ်နည်းကို ဖော်ပြ ပေးလိုက်ပါတယ်။

ရာသီဥတု ပူနွေးလာတဲ့အခါ အဲကွန်းလေးတခုလောက် တောင့်တမိတာတော့ အမှန်ပါ။ ဒါပေမယ့် အခြေအနေ အရပ်ရပ်ကြောင့် အဲကွန်းမတပ်နိုင်တဲ့အခါ အခုလို အဲကွန်းပန်ကာလေးတစ်ခု ပြုလုပ်ပြီး ပူအိုက်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။ ဒီလိုပန်ကာလေးလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့ အောက်ပါအတိုင်းပါပဲ။

ပလတ်စတစ်ဘူး နှစ်ဘူး ၊ ရေခဲတုံးအနည်းငယ်နဲ့ ပန်ကာတစ်ခုပဲ လိုအပ်ပါတယ်။ ရေဘူးတွေကို အပေါ်ပိုင်းဖြတ်ထုတ်ပြီးတော့ အလယ်ပိုင်းမှာ အပေါက်သေးသေးလေးတွေ အများကြီးဖောက်ထားပါ။ ထို့နောက် ဒီရေဘူးတွေကို ပန်ကာအနောက်ဘက်မှာ ကြေးနန်းကြိုးတစ်ခုနဲ့ ချည်ထားလိုက်ပါ။

ရေဘူးအောက်ခြေဘက်မှာ ရေခဲတုံးတွေကိုထည့်ပြီး ပန်ကာဖွင့်လိုက်ရင်တော့ အဲကွန်းကထွက်လာတဲ့ လေမျိုးအေးမြနေတဲ့ လေအေးကို ခံစားရပါလိမ့်မယ်။ ထို့အပြင် ညအိပ်တဲ့အခါမှာလည်း အခန်း ထဲမှာ ဒီအဲကွန်းပန်ကာကို ဖွင့်ထားလိုက်မယ်ဆိုရင် အခန်းထဲမှာရှိတဲ့လေက အေးမြနေတဲ့အတွက် အပူဒဏ်မခံရတော့ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ပါလိမ့်မယ်။

မူရင်းရေးသားသူအား လေးစားမှုဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page