ရေချိုးခေါင်းလျှော် လုပ်ရုံနဲ့ လေဖြတ်နိုင်တယ်လို့ အခုထိ ထင်နေကြတုန်းပဲလား
လေဖြတ်တာ ဘယ်လိုလူတွေမှာဖြစ်နိုင်သလဲ
၁။ ရေချိုးခြင်း ရေချိုးလျှင် သတိပြုရမည့်အချက် ခေါင်းကနေ ရေစတင်လောင်းချိုးတာက လေဖြတ်တတ်ပါတယ်။
အဲလိုရေးတာ မဟုတ်ပါ။ မှားတယ်။ လေဖြတ်ခြင်း ခေါ် လေသင်တုန်းဖြတ်ခြင်း ခေါ် ဆထုပ် ရခြင်းအကြောင်းတရားတွေထဲမှာ ရေချိုးခြင်း မပါ (မပါ) ဝင်ပါ။
ရေချိုးတာ၊ ရေသောက်တာ၊ ခေါင်းလျှော်တာကို ရန်ရှာနေကြတာ မသင့်ပါ။ တရေးသူတွေ တင်သူတွေကို ဘလော့၊ ရီပို့ လုပ်သင့်တယ်။
၂။ ကျနော် အသက်က ၃၆ နှစ်ပါဆရာ။ ခန္ဓာကိုယ်က ဝတယ်လို့ပြောလို့ရပါတယ်ဆရာ။ ကျနော် ရေချိုးပြီးရင် ၁၀ မိနစ်လောက်ကြာသည်အထိ မျက်စိနှစ်ဖက်လုံး အရမ်းနီရဲနေတတ်ပါတယ်ဆရာ။ အဲ့ဒါဟာ အန္တရာယ်ရှိလားဆရာ။
ကျနော် ဖေ့ဘုတ်မှာ ဖတ်ဖူးတာက ရေချိုးပြီးစအချိန် အာ့လို မျက်စိတွေနီရဲနေတာဟာ လေဖြတ်နိုင်ခြင်းရဲ့ ရှေ့ပြေးလက္ခဏာလို့ဖတ်ဖူးလို့ပါဆရာ။ ပြီးတော့ အာ့ဒါဟာ ဦးနှောက်သွေးကြောပြတ်တော့မဲ့ လက္ခဏာလို့လဲ ဖတ်ဖူးလို့ပါ။ ကျနော်သွေးကျဆေးသောက်ဖို့လိုလားဆရာ။ သောက်ရင် ဘယ်လိုဆေးမျိုး သောက်သင့်ပါလဲ ခင်ဗျ။ နေ့တိုင်းသောက်ဖို့လို့လားခင်ဗျ။
ကျွန်တော်လည်း အဲလိုပဲ အမြဲဖြစ်တယ်။ မျက်စိဖွင့်ထားလေ့ရှိလို့။ ရေနဲ့ထိတော့ ရဲတယ်။ ခဏပါပဲ။ ရောဂါမဟုတ်။
လေဖြတ်တယ်ဆိုတာ ဦးနှောက် သွေးလှည့်ပတ်ခြင်း နှေးတာနဲ့ သွေးမရတာကြောင့်ဖြစ်တယ်။ သွေးကြော တနေရာရာမှာ ပိတ်တာကို Ischemic stroke လို့ခေါ်ပြီး သွေးထွက်တာကို Hemorrhagic stroke လို့ခေါ်တယ်။ တနည်းနည်းနဲ့ဖြစ်ရင် ထိခိုက်ပျက်းစီးတဲ့ ဦးနှောက်အစိတ်အပိုင်းတာဝန်တွေ မလုပ်နိုင်တာ ဖြစ်လာတယ်။
လေဖြတ်တာ ဘယ်လိုလူတွေမှာဖြစ်နိုင်သလဲ
(၁) သွေးတိုးရောဂါ၊ (၂) ဆီးချိုရောဂါ၊ (၃) နှလုံးရောဂါ၊ (၄) ဆေးလိပ်သောက်သူ၊ (၅) အသက်ကြီးသူ (၆)
မိသားစုထဲမှာ လေဖြတ် ရာဇဝင်ရှိသူ၊ (၇) ဦးနှောက်သွေးကြောရောဂါရှိသူ၊ (၈) နှလုံးခုန်မမှန်သူ၊ (၉) ကိုလက်စထောများနေသူ၊ (၁၀) လူအဝလွန်သူ၊ (၁၁) အရက်သေစာ အသောက်များသူ၊ (၁၂) အငန်နဲ့ အဆီစားများသူ၊ (၁၃) ကိုကိန်းနဲ့ တားမြစ်တားတဲ့ဆေးတွေကို သုံးသူ၊ (၁၄) အသက် ၃၅ နှစ်ကျော်ပြီး ကိုယ်ဝန်တားဆေးသုံးသူအမျိုးသမီး၊ (၁၅) ကိုယ်လက်လှုပ်ရှာမှုနည်းလွန်းသူ၊ (၁၆) အရင်ကလည်း လေဖြတ်ထားဖူးသူ၊ (၁၇) စိတ်ဖိအားများသူ။
ဖေ့စ်ဘွတ်မှာ အဲလိုကြံဖန်တွေးတော ရေးတာတွေ့ပါတယ်။ လေဖြတ်ခြင်းစာလည်း ခဏခဏတင်ပါတယ်။ ရေမချိုးရလို့ မပါ။ အဲလိုရေးသူ ဒီနှစ်ဆေးပညာနိုဗယ်ဆုချိန်သလား မသိ။ ရှယ်တဲ့ ပွဲစားတွေကလည်း ရတဲ့ဆုငွေ ခွဲယူချင်ကြပုံပဲ။ ကျွန်တော် မျက်စိဖွင့်ပြီး မျက်နှာသစ် ရေးချိုးလို့ မျက်စိနီတာ အနှစ် ၇၀ ကျော်လာပြီ။ ခုထိတော့ လေမဖြတ်သေး။
မိုးရွာထဲမှာ အလုပ်လုပ်ရသူတွေ အများကြီးရှိတယ်။ မိုးရေက ခေါင်းကို အရင်စိုတယ်။ လယ်သမားတွေက လေဖြတ်နှုန်း ပိုများတယ်လို့ မတွေ့ဘူးပါ။ မြို့တွေမှာလည်း သွားရင်းလာရင်း ထီးမပါသူတွေလည်း ခေါင်းကိုရေစိုလို့ အိမ်ရောက်တော့ ရေချိုးကြရတယ်။ ထီးမဆောင်းသူတွေမှာ လေဖြတ်တာ ပိုဖြစ်တယ်လို့ မတွေ့ဘူးပါ။
ဒေါက်တာတင့်ဆွေ