ထည့်ချင်ရာ ထည့်၊ မွှေချင်ရာ မွှေနေတဲ့ အသားဖြူစပ်ဆေးများရဲ့ နောက်ကွယ်က အန္တရာယ်

Skincare ပဲဖြစ်ဖြစ် Body care ပဲဖြစ်ဖြစ်၊ ဖော်မြူလာပြုလုပ်သူ (Formulator) တွေ၊ ဓာတုဗေဒပညာရှင် (chemist) တွေနဲ့ ဓာတ်ခွဲခန်းမှာ စမ်းသပ်မှု (Lab test) အဆင့်ဆင့် လုပ်ပြီး ခွင့်ပြုမှသာ ထုတ်လို့ရပါတယ်။

Skincare ထုတ်လုပ်မယ့်နေရာမှာ သန့်ရှင်းရေး စည်းမျဉ်း (sanitation guidelines) တွေနဲ့အညီ ပိုးသတ်တဲ့အဆင့်ဆင့်လုပ်ရပါတယ်။ ဒီတိုင်းကြမ်းပြင်ပေါ် ဇလုံချပြီး ရောသမမွှေထုတ်မရပါ။

ဆရာဝန်ဆိုတိုင်းလဲ ဖော်မြူလာတွေ၊ ဓာတုဗေဒပစ္စည်းတွေ နားလည်သူမှသာ အဲ့ဖက်သွားလို့ရပါတယ်။ နားမလည်ရင် ကျွမ်းကျင်ပညာရှင်တွေ၊ ဓာတုဗေဒပညာရှင်တွေနဲ့ သေချာဆွေးနွေးတိုင်ပင်ရပါတယ် ။ Body lotion တစ်ခုဆီမှာ ထည့်ထားတဲ့ ပါဝင်ပစ္စည်းတွေ၊ အချိုးအစားတွေဟာ သူ့တစ်မျိုးအတွက်သာ ပြုလုပ်ထားတာပါ။ ရောစပ်လိုက်ခြင်းအားဖြင့် ပါဝင်ပစ္စည်းအချင်းချင်း ဓါတ်ပြုခြင်း အာနိသင်လျော့ခြင်း ဓါတ်မတည့်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

တခြားတခုနဲ့ ပေါင်းစပ်ရင် ဖြစ်လာမယ့်ဆိုးကျိုးတွေအတွက် ဘာသုသေသနမှ ပြုလုပ်ထားခြင်းမရှိလို့ ကိုယ်ဖြစ်ကိုယ်ခံပါပဲ။ တချို့ ပစ္စည်းတွေက အက်ဆစ် ဖြစ်ပြီး တချို့က ဘေစ့် ဖြစ်နေတယ်ဆို အက်ဆစ် ဘေစ့် ဓာတ်ပြုမှုတွေပါ ဖြစ်လာနိုင်ပါတယ်။ အက်ဆစ်လား ဘေစ့်လားဆိုတာ pH level စမ်းကြည့်မှသိမှာပါ။

ကိုယ့်ဘာသာလိမ်းရင် လက်ထဲမှာ လိုးရှင်းနှစ်ခု ခဏလောက်ရောတာ ဓာတ်ပြုမှုအချိန် သိပ်မကြာလိုက်လို့ တော်သေးပေမယ့် တလွှာချင်း လိမ်းဖို့ပဲ ညွှန်းချင်ပါတယ်။ စပ်ဆေးတွေတင်မဟုတ်ပဲ စပ်လိုရှင်းများအန္တရာယ်မှလဲ ရှောင်ကြပါနော်။ (drsuri)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page