တနေ့ (၈) နာရီပဲ လျှပ်စစ်မီးရတော့မယ့် ရန်ကုန်မြို့ကြီးမှာ ဖြစ်လာနိုင်မယ့် အခြေအနေများ
မီးတွေ ပြန်ပျက်တော့မယ်။ မီးတွေ ပြတ်ရင် ဘာတွေဖြစ်မလဲ၊ ရှေ့ရှေ့လတွေက ပြောပြဖူးတယ်။ ဒီနှစ် မီးစပြတ်နိုင်တဲ့ကာလက ၉လပိုင်း လကုန်လို့ တွက်ထားပေမဲ့ ကြားထဲမှာ မုန်တိုင်းတွေကြောင့် မိုးရွာတာ မပြတ်ပဲ ရေမှန်လို့ မီးမှန်နေသေးတယ်။
မီးပြတ်တာနဲ့ ပြန်မဆင်းတော့တဲ့ အထွေထွေကုန်ဈေးနှုန်းတွေက ထပ်တက်မှာကိုး။ နိုဝင်ဘာလဆန်းမှာ ဆန်အသစ်ပေါ်လို့ အများစုက ဆန်ဈေးကျမယ်လို့ တွက်ထားကြပေမဲ့ ပထမပြောဖူးသလိုပဲ စစ်ပွဲတွေကြောင့် စိုက်ပျိုးဧရိယာအများကြီး ကျုံ့သွားလို့ ဆန်အသစ်ပေါ်ရင်တောင် ဈေးမကျနိုင်ဘူး ယူဆထားတာ အခုထိ ဆန်ဈေး လုံး၀မကျပါ။
စကစဘက်က အချိန်ပိုင်းနဲ့ မီးပေးဖို့ ပြင်နေပြီ (အစည်းအဝေးလုပ်သည် ဟု သတင်းကြား) အချိန်ရတုန်းလေး လုပ်စရာရှိတာ လုပ်ကြဦးစို့ စကစမှာ လျှပ်စစ်မီးမှန်အောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းမရှိဘူး ၊ လုပ်ပေးနိုင်တဲ့သူတွေကို ထောင်ထဲ ထည့်ထားတယ်။
လျှပ်စစ်မီးပေးဖို့ ဒေါ်လာမရှိပါဘူးဆိုထားပြီး ဒေါ်လာတွေသိမ်းပြီးလည်း လျှပ်စစ်ပေးဖို့ အစီအစဉ်မရှိ ၊ ငါနဲ့ဘာမှမဆိုင်ပါဘူးလေလို့ နေသာသူများ အဘရဲ့ စေတနာတွေကို မြင်အောင်ကြည့်ကြပေါ့။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)
လာမယ့် နွေရာသီကာလမှာ ပြည်သူလူထုရဲ့ တစ်နေ့တာ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူးလို့ စကစ လက်အောက်ခံ လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်က ပြောကြားလိုက်ပါတယ်။ အဲဒါကြောင့် အချိန်ပိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမယ့် အစီအမံတွေကို ချမှတ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းကို (၄) နာရီခြားစီ မီးပေးမယ့် အစီအစဉ်ကို စမ်းသပ်နေတယ်လို့ သိရပါတယ်။