ရပ်ထားတဲ့ ဆိုင်ကယ်တွေ သာမက မွေးထားတဲ့ အလှမွေးငါးတွေပါ အလုခံရတဲ့ မန္တလေးက အဖြစ်

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ (ဆ)ရပ်ကွက်ရှိ နေအိမ်တအိမ်ရှိ ဆိုင်ကယ်သုံးစီးနှင့် တန်ဖိုးကြီးအလှမွေးငါးများကို အုပ်စုလိုက်ဖြင့် လာရောက် ဖောက်ထွင်းခိုးယူမှုဖြစ်စဉ် ဒီဇင်ဘာ၂၁ရက် နံနက်၂နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အုပ်စုလိုက် လာခိုးသွားကြောင်း၊ အန္တရာယ်ပြုဖို့ အပြည့်အစုံ ပါလာကြောင်း၊ မိန်းမသားတွေချည်းပဲ ဖြစ်တာကြောင့် အော်ပြီး အကူအညီ မတောင်းရဲကြောင်း အိမ်ရှင်ဖြစ်သူက ပြောပါတယ်။

ခိုးယူသူများသည် ၈ယောက်ခန့်ရှိ၍ ဆိုင်ကယ်များဖြင့်စီးနင်းလာ‌ရောက်ကြခြင်းဖြစ်ကာ တန်ဖိုးကြီး အလှမွေးငါးအကောင်ရေ ၈ကောင်ကိုပါ ငါးမွေးကန်များအတွင်းမှ နှိုက်ယူပြီး ယူဆောင် သွားကြောင်း သိရပါတယ်။

လတ်တလော အခြေအနေတွင် မြို့ကြီးများ၌ ခိုးဆိုးလုနှိုက်မှုများ တနေ့တခြား များပြားလာပြီး ပြည်သူတွေ အနေနဲ့ လုံခြုံရေး စိတ်မအေးရဘဲ ဖြစ်နေကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page