လျှပ်စစ်မော်တာ တလုံးမှ မပါဘဲ နှစ်ပေါင်း တရာနီးပါး ရန်ကုန်မြို့ကို ရေပေးလာတဲ့ ဂျိုးဖြူကန်အကြောင်း
ရန်ကုန်မှာ နေတာမှန်ရင် ဂျိုးဖြူရေကို သုံးဖူးကြပါလိမ့်မယ်။ ဂျိုးဖြူရေ ဘယ်လိုဖြန့်ဝေလဲဆိုတာ လေ့လာကြည့်ရအောင်။
ဂျိုးဖြူရေလှောင်ကန်ဟာ ၁၇၉၂ ဧက ကျယ်ဝန်းပြီး၊ ရန်ကုန်မြို့မှ (၅၅) မိုင်အကွာအဝေးမှာရှိတဲ့ တိုက်ကြီးမြို့နယ်မှာ တည်ရှိပါတယ်။ ဂျိုးဖြူရေလှောင်ကန်ကို (၁၉၃၇)ခုနှစ်မှာ အင်္ဂလိပ်အင်ဂျင်နီယာ နှစ်ဦးက စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး၊ ၁၉၄၀ခုနှစ် မှာ ရေစတင်ပေးဝေခဲ့တာ ဖြစ်ပါတယ်။
ရေပေးဝေတဲ့စနစ်ဟာ ၄၃ ပေ အရှည်ရှိတဲ့ သံပိုက်လုံးတွေနဲ့ စတင် သွယ်တန်းခဲ့ပါတယ်။ သံပိုက်လုံး အမျိုးအစားကတော့ ၅၆ လက်မအကျယ်ရှိတဲ့ မိုင်းစတီးပိုက်အမျိုးအစားပဲ ဖြစ်ပါတယ်။
ဂျိုးဖြူရေကန်ထဲမှ ရေတွေရဲ့ အရင်းအမြစ်က မိုးရေဖြစ်ပြီး ဓာတ်ခွဲခန်းမှာ ဂျိုးဖြူကန်မှ ရေရဲ့အရောင်၊ အဆင့်အတန်းနဲ့ ရေသိပ်သည်းဆ အနည်ထိုင်မှုကို တိုင်းတာချက်အရ ဂျိုးဖြူရေဟာ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ Ph level အမျိုးအစားထဲမှာ ပါဝင်ခဲ့ပါတယ်။
ယခုဆိုရင် နှစ်ပေါင်း ၈၃ နှစ် သက်တမ်းရှိပြီဖြစ်တဲ့ ဂျိုးဖြူရေလှောင်ကန်ဟာ တချို့ကုန်းကျော်တံတားရှိတဲ့ နေရာက အများပြည်သူတွေရဲ့ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုကြောင့် ဂျိုးဖြူပိုက်လိုင်းအတွင်း အောက်စီဂျင်ရောက်ရှိမှု နည်းတာမှအပ ၂၀၁၇ မတ်လ ၁၃ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ အစိုးရကြေငြာချက်အရ 5.8 မီတာစကေး ရှိတဲ့ မြေငလျှင်ဒဏ်ကိုတောင် ကြံ့ကြံ့ခံနိုင်ခဲ့ပါတယ်။
ဂျိုးဖြူကန်ရဲ့ ရေပေးဝေမှုစနစ်က လျှပ်စစ်မော်တာတလုံးမှ အသုံးပြုမပါပဲ ကမ္ဘာ့မြေဆွဲအားအရ ရေကို မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းမှုကနေ ရန်ကုန်မြို့တမြို့လုံးကို ရေပေးဝေတဲ့စနစ် ဖြစ်ပါတယ်လို့ ဂျိုးဖြူရေကန်ထိန်းသိမ်းစောင့်ရှောက်ရေး လျှပ်စစ်အင်ဂျင်နီယာမှူးကြီးက ပြောပြသွားပါတယ်။
၂၀၁၉ ခုနှစ်မှာ ဂျိုးဖြူကန်ထဲက ရေတွေကို ရေပိုက်လိုင်းနဲ့ ရန်ကုန်မြို့အနှံ့ ရေပေးဝေမှုစနစ်ကိုတော့ ရန်ကုန်မြို့တော် စီမံခန့်ခွဲရေးကော်မတီ ရေသန့်ဋ္ဌာနက ဖြန့်ဖြူပေးနေတာ ဖြစ်ပါတယ်။
ရေစတင်ပေးဝေတဲ့နေရာ Terminal က ရေအောက် ၁၄၂ပေ အနက်မှာတည်ရှိပြီး၊ အရှည် ၇၅၅ပေ ၊ ထု ၁၄ပေ ၁၅ပေခန့်အထူ (2019ခုနှစ်၊ မတ်လ တိုင်းထွာချက်အရ ခန့်မှန်းအတိုင်းအတာ)ရှိကြောင်း သိရှိရပါတယ်။
Hsu Wutyee Htun