ဇွဲသတ္တိနဲ့ ကြိုးစားမှုကြောင့် ကမ္ဘာ့ပထမဆုံး မသန်စွမ်း အာကာသယာဉ်မှူး ဖြစ်လာခဲ့သူ

ဥရောပ အာကာသ အေဂျင်စီက ကမ္ဘာ့ပထမဆုံး မသန်စွမ်း အာကာသယာဉ်မှူးအဖြစ် ဂျွန်မက်ဖော (John McFall) ကို နိုဝင်ဘာ ၂၃ ရက်နေ့က ကြေငြာလိုက်ပါတယ်။

ဗြိတိသျှနိုင်ငံက အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်ဟာ ၁၉နှစ်တုန်းက ဆိုင်ကယ် အက်ဆီးဒင့်နဲ့ ညာခြေထောက် ဆုံးရှုံးခဲ့ရတာပါ။ ဒါပေမယ့် သူဟာ စိတ်မလျှော့ခဲ့ပါဘူး။

mountain bike စီးတယ်။ တောင်တက်တာတွေ လုပ်ခဲ့ပါတယ်။ ခြေထောက်တုနဲ့ အပြေးလည်း ကျင့်ခဲ့ပါတယ်။ ၂၀၀၈ ဘေဂျင်းမှာ ကျင်းပခဲ့တဲ့ paralympics မှာ တာတိုပြေးပွဲအတွက် ကြေးတံဆိပ်ရခဲ့ပါတယ်။

သူဟာ ဆရာဝန်ဘွဲ့ကိုလည်း ရအောင် ယူခဲ့ပါတယ်။ ခွဲစိတ်ဆရာဝန် MRCS တစ်ဦးလည်း ဖြစ်ပါတယ်။ ဥရောပ အာကာသ အေဂျင်စီက အာကာသယာဉ်မှူးအသစ်တွေကို မခေါ်တာ ၁၃ နှစ် ကြာခဲ့ပါတယ်။ အခု ၁၇ ဦး ခေါ်တဲ့အထဲမှာ သူပါခဲ့တာပါ။ လျှောက်ထားသူပေါင်း ၂၂၅၀၀ ကျော်ထဲက ရွေးချယ် ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ကြိုးစားမှုလည်း ရှိ၊ တိုင်းပြည်အခြေအနေ နောက်ခံကလည်း ကောင်းတော့ သူဟာ ကမ္ဘာ့ပထမဆုံး parastronaut ဖြစ်လာခဲ့ပါပြီ။ ခက်ဆစ်၊ paralympics = မသန်စွမ်း အိုလံပစ် ပြိုင်ပွဲ၊ parastronaut = မသန်စွမ်း အာကာသ ယာဉ်မှူး (Lynn Htet)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page