စကစ လက်အောက်မှာ ပြုလုပ်မယ့် ဆယ်တန်းစာမေးပွဲ အချိန်စာရင်းကို ကြေညာလိုက်ပြီ

တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ကျင်းပသွားမည့် ကာလကို မတ်လ ၃၀ ရက်မှ ဧပြီ ၉ ရက်အထိ ကျင်းပသွားမည်ဟု စကစ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေက ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ် အပါအဝင် တာဝန်ရှိသူများနှင့် ဒီဇင်ဘာလ ၄ရက်နေ့က တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ‌ အဖြေလွှာများကို အချိန်မီစစ်ဆေးနိုင်ရေး ပြင်ဆင်စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း စကစ ဝန်ကြီးက ထည့်သွင်းအသိပေးခဲ့ပါတယ်။

ယခုနှစ် ပညာသင်နှစ် အခြေခံပညာစာသင်နှစ်၏ ပထမ နှစ်ဝက်စစ်ဆေးခြင်းကို လာမည့် ဇန်နဝါရီလထဲနှင့် နှစ်ဆုံးစစ်ဆေးခြင်းအား မတ်လထဲတွင် ဆောင်ရွက်မည်ဟု စကစ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပြီးဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေတွင် ဖွင့်လှစ်ပြီး ဇူလိုင်လတွင် ကိုဗစ်ကြောင့် ပြန်ပိတ်ကာ နိုဝင်ဘာ ၁ရက်တွင် ပြန်ဖွင့်သည့် အခြေခံပညာကျောင်းများ၏ စာသင်နှစ်သည် အချိန်ကာလအားဖြင့် ၆လသာ ရှိပြီး စကစ ပညာရေးဝန်ကြီးဌာနက သင်ခန်းစာများအား ပြင်ဆင်ရေးဆွဲထားတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page