ဒေါ်လာမှောင်ခိုစျေးကွက်ကို လက်ကြီးသမားတွေ စိတ်ကြိုက်ကစားကြတော့မှာလား?
လက်ကြီးသမားတွေ စိတ်ကြိုက် စျေးကစားကြတော့မယ့် ဒေါ်လာမှောင်ခိုစျေးကွက်
Money changer တွေကို ကန့်သတ်လိုက်တော့ ဘာဖြစ်သွားလဲဆို မှောင်ခိုဈေးက ပိုတက်သွားတယ်။
အရင် ၂၇၀၀ ရောက်သွားတာ မှောင်ခိုတွေကစားလို့။ အဲ့တုန်းက Money Changer တွေကိုကန့်သတ်ထားခဲ့တာ၊ ကန့်သတ်ချက်ဖွင့်လိုက်ချိန်မှာ ဈေးငြိမ်သွားတယ်။
ဘာလို့လဲဆို Money Changer တွေမှာ ငွေမကစားဘဲ အထိုက်အလျှောက်ယုံကြည်ရတဲ့ changer တွေရှိနေတော့ သူတို့ရဲ့ဖွင့်ဈေးကို အပြင်မှာ ကြားချပြီး ဝယ်ကြရောင်းကြတယ်။
Money Changer ဈေးက ဘာလို့ စံဖြစ်နေလဲဆိုတော့ သူတို့ဆီမှာ ရောင်းဝယ်ရင် အလိမ်မခံရဘူး။ အပြင်မှာ နည်းနည်းသက်သာပေမယ့် အချိန်မရွေးဂျင်းမိသွားနိုင်တယ်၊ ကျနော်ဆို လိုခဲ့ရင် အပြင်မှာမလုပ်ဘူး၊ နည်းနည်းပိုများပါစေ Money Changer မှာပဲသွားဝယ်တယ်။
အခု Money Changer ကိုကန့်သတ်လိုက်ပြီဆိုပြီး အပြင်မှာ ဈေးတွေ ဖွချင်တိုင်းဖွ ကစားချင်တိုင်းကစားတော့မှာ။
လက်ကြီးသမားတွေ မှောင်ခိုကစားချင်လို့တမင်များ ပြန်လုပ်သလားမှတ်ရတယ်။
Kyaw Kyaw Sai