စိတ်ကျန်းမာရေး မကောင်းတဲ့ အမနဲ့ မြေးမလေးကို ပဲပြုတ်ရောင်းပြီး ကျွေးနေရတဲ့ အသက် (၇၀) အဖွား
စိတ်မနှံ့တဲ့ မြေးမလေး နဲ့ အမဖြစ်သူတို့ကို ခြေထောက်မကောင်းတဲ့ကြားက ပဲပြုတ်လေးရောင်းပြီး ရှာဖွေကျွေးမွေးနေတဲ့ အသက် (၇၀) အရွယ် အမေအိုကြီးကို ၁ သိန်းကျပ် လှူဒါန်းခဲ့ပါတယ်။
အဖွားက တောင်ဒဂုံ (၂၆) ရပ်ကွက်မှာ မနက်ပိုင်း စားတော်ပဲပြုတ် နဲ့ ညနေပိုင်း ပဲကတ္တီပါပြုတ်တို့ကို ရောင်းချလျက်ရှိပါတယ်။
လမ်းကြုံတဲ့သူများ အဖွားကို တွေ့ရင် ပဲပြုတ်လေးတွေ အားပေးလိုက်ကြပါဦး ခင်ဗျာ။
သက်ကြီးရွယ်အိုတွေကို လှူဒါန်းကြတဲ့ စေတနာရှင်တွေ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ် ခင်ဗျာ။
Photo – MoeSat