အခက်အခဲတွေ၊ လာဘ်ပိတ်နေတာတွေ ပျောက်သွားစေဖို့ “အကြံကုန် ဂဠုန်ဆားချက်ကိန်း” ယတြာ

ဘိုးတော်ဘုရားလက်ထက် အမတ်ကြီး ဦးပေါ်ဦး အမည်ပေးသော စိန္တကျော်သူဦးသြ၏ “အကြံကုန် ဂဠုန် ဆားချက်ကိန်း” ယတြာ

လူတိုင်း အခက်အခဲကြုံလာသောအခါ၊ အညံ့နှင့် ကြုံသောအခါ၊ လာဘ်လာဘ ပိတ်ဆို့နေသောအခါများ တွင် ဤ ယတြာကို ပြုလုပ်ပါက လက်တွေ့အကျိုးရှိပေသည်။ မည်သူမဆို လက်တွေ့ ဆောင်ရွက်၍ အကျိုး ကျေးဇူးများစေသောနည်းဖြစ်၍ အခက်အခဲများ၊ အညံ့များ၊ လာဘ်လာဘပိတ်နေသည်များ ပြေပျောက် ကျော်လွှားနိုင်ပါသည်။ ထို့ကြောင့် ဗဟုသုတ ရစေရန်နှင့် အဆင်ပြေကြစေရန် ရည်သန်၍ တင်ပြလိုက်ရပါသည်။

တနင်္ဂနွေနေ့ မွေးသူများသည် အင်္ဂါနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ တနင်္ဂနွေ ထောင့်တွင် ကံကော်ညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ၊ အညံ့များ၊ လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။

တနလာင်္နေ့ မွေးသူများသည် ဗုဒ္ဓဟူးနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ တနင်္လာ ထောင့်တွင် ဇီး(၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ..လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။

အင်္ဂါနေ့ မွေးသူများသည် ကြာသပတေးနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ အင်္ဂါထောင့်တွင် ရွက်လှညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ..လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ၊ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပါ။

ဗုဒ္ဓဟူးနေ့ မွေးသူများသည် သောကြာနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ ဗုဒ္ဓဟူးထောင့်တွင် ပျဉ်းမညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ..လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ၊ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပါ။

ဗုဒ္ဓဟူးညနေ မွေးသူများသည် သောကြာနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ ရာဟုထောင့်တွင် မေမြို့ပန်း (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ၊ အညံ့များ၊ လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ၊ လာဘ်လာဘပွင့်လန်းလာပါစေ ဟုဆုတောင်းပါ။

ကြာသပတေးနေ့မွေးသူများသည် စနေနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ ကြာသပတေးထောင့်တွင် သီဟိုဠ်ညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ၊ အညံ့များ၊ လာဘ်လာဘပိတ်နေသည်များ၊ ပြေပျောက်ပါစေ၊ ကံကောင်းမှုများ ရရှိပိုင်ဆိုင်နိုင်ပါစေ၊ လာဘ်လာဘ ပွင့်လန်းလာပါစေဟု ဆုတောင်းပါ။

သောကြာနေ့ မွေးသူများသည် တနင်္ဂနွေနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ သောကြာထောင့်တွင် ဒန်းညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ.. လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။

စနေနေ့ မွေးသူများသည် တနင်္လာနံနှင့်စသော ဘုရားစေတီတစ်ဆူဆူ၏ စနေထောင့်တွင် အုန်းညွန့် (၁)ညွန့် ဘုရားကို ကပ်လှူ၍ အခက်အခဲများ ..အညံ့များ..လာဘ်လာဘပိတ်နေသည်များ..ပြေပျောက်ပါစေ…ကံကောင်းမှုများရရှိပိုင်ဆိုင်နိုင်ပါစေ…လာဘ်လာဘပွင့်လန်းလာပါစေ…ဟုဆုတောင်းပါ။

ယတြာအစွမ်းထက်ခြင်း မထက်ခြင်းသည် မိမိသီလ၊ သမာဓိနှင့် ယတြာအပေါ် အကြွင်းမဲ့ယုံကြည်မှုရှိခြင်းတို့အပေါ် မှီခိုပါသည်။

ထို့ကြောင့် ယုံကြည်စွာ ပြုလုပ်ပါ။ ကပ်လှူပါ၊ ဆုတောင်းပါ။ ထို့နောက် ငါးပါးသီလအား ကာလတခုအထိ ဆောက်တည်စောင့်ထိန်းပါ။ ၃၁ ဘုံ သားတို့နှင့် မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တို့အား မေတ္တာပို့ အမျှဝေပါ။ အားလုံးဘေးဘယာကင်းဝေးပြီး..အညံ့များပြေပျောက်၍ လာဘ်လာဘ များပွင့်လန်းနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်။ အားလုံးကျန်းမာချမ်းသာကြပါစေ။

ဆရာကြီး စံ-ဇာဏီဘို

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page