(၅၀၀) ကျပ်တန် ထမင်းဆိုင် ဖွင့်တဲ့သူတွေကို စကစ ဖမ်းပြီ (ပရဟိတ လုပ်တဲ့သူတွေ ဂရုစိုက်ကြပါ)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့တွင် ဒီဇင်ဘာလ ၁၈ ရက်က နှလုံးသားပရဟိတအဖွဲ့ဝင် လေးဦးကို ၅၀၀ကျပ်တန် ထမင်းရောင်းချမှုနှင့် စကစက ဖမ်းဆီးသွားကြောင်း သိရပါတယ်။

ကိုနေဇော်ထွန်း၊ ၎င်း၏ဖခင်နှင့် အခြားအဖွဲ့ဝင် နှစ်ဦးကို ထိုသို့ရောင်းချမှုနှင့် ပတ်သက်၍ ဆွေးနွေးစရာရှိသည်ဟုဆိုကာ လာရောက်ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ပါတယ်။

သီပေါ ရဲစခန်းက လာခေါ်တာ ဖြစ်ကြောင်း၊ ၅၀၀ တန် ထမင်းရောင်းတာနဲ့ ပတ်သက်ပြီး ဆွေးနွေး စရာ ရှိလို့ဆိုပြီး ခေါ်သွားကြောင်း၊ နောက်တရက်အထိ အိမ်ပြန်မလာလို့ ရဲစခန်းလိုက်သွားမှ စရဖက ခေါ်သွားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်တွင် လားရှိုးထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသည်ဟု သတင်းရရှိပေမယ့်လည်း အဆက်အသွယ် သေချာမရသေးသဖြင့် မိသားစု၀င်များက စိုးရိမ်နေကြကြောင်း သိရပါတယ်။

(၅၀၀) ကျပ်တန် ထမင်းရောင်းတဲ့သူတွေကို မတရား ဖမ်းဆီး သွားတဲ့အတွက် နောက်ထပ် ဆိုင်ဖွင့်မယ့်သူတွေ မဖွင့်ရဲတော့ကြောင်း၊ ယခုလို လုပ်ရပ်ကြောင့် အခြေခံလူတန်းစားတွေ ပိုထိခိုက်မှာ ဖြစ်ကြောင်း ပြည်သူများက ဝေဖန် ပြောကြားလျက် ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page