တရုတ်တွင် ကိုဗစ်စစ်ဆေးရာ၌ စအိုကနေ နမူနာယူ၍ စစ်ဆေးမည်

တရုတ်တွင် ကိုဗစ်စစ်ဆေးရာ၌ စအိုကနေ နမူနာယူ၍ စစ်ဆေးမည်

ပေကျင်းက ထွက်ပေါ်လာတဲ့ သတင်းတွေအရ တရုတ်နိုင်ငံမှာ စအိုကတဆင့် ဓာတ်ခွဲစမ်းသပ်မှုတွေကို ပြုလုပ်နေပြီလို့ သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းက အသက် ၉ နှစ်အရွယ် ကျောင်းသားလေးတစ်ဦးမှာ ကိုဗစ်ကူးစက်တာကို တွေ့ရှိခဲ့ရပြီးနောက်မှာ နှာခေါင်း၊ အာခေါင်နဲ့ စအိုတို့ကတဆင့် ဓာတ်ခွဲစမ်းသပ်မှုအမျိုးမျိုးကို တရုတ်က လုပ်ဆောင်ခဲ့ပြီး စအိုကတဆင့် စမ်းသပ်မှုဟာ ပိုမိုတိကျနိုင်တယ်လို့သိရပါတယ်။

ပေကျင်း ယူအန်း ဆေးရုံက ကူးစက်ရောဂါဆိုင်ရာတာဝန်ခံလက်ထောက်ဒါရိုက်တာလီ က ဗိုင်းရပ်စ်ဟာ မစင်တွေအတွင်းမှာ ပိုမိုကြာရှည်စွာရှင်သန်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။ စမ်းသပ်မှုတချို့မှာတော့ ရောဂါလက္ခဏာမပြဘဲ ကူးစက်ခံနေရသူတွေအတွက် ဗိုင်းရပ်စ်ဟာ လည်ချောင်းအတွင်းမှာ ၃ ရက်ကနေ ၅ ရက်အထိ ရှိနိုင်ပြီး ဒီအတွက်ကြောင့် မှားယွင်းတဲ့ရလဒ်တွေထွက်ပေါ်ကာ ဆိုးကျိုးရှိနိုင်တယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုတွေ ပြန်လည်ရှိလာခဲ့တဲ့ တရုတ်မှာတော့ ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေရပြီး တရုတ်ပြည်တွင်းသုံး လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ ဝီဘို မှာတော့ စအိုကတဆင့် ဓာတ်ခွဲစမ်းသပ်မှုကို လှောင်ပြောင်နေကြပါတယ်။ အသုံးပြုသူတစ်ဦးက “တရုတ်ကို ငါမြန်မြန်ပြန်ရောက်လာတာ ကံကောင်းတာပဲ” လို့ ပြောဆိုခဲ့ပြီး ရွံရှာစရာအဖြစ် ရှုတ်ချခဲ့ပါတယ်။

တရုတ်ဗဟိုရုပ်မြင်သံကြားနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ လီက စအိုကနေ ဓာတ်ခွဲစမ်းသပ်မှုဟာ ပိုမိုတိကျနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း နှာခေါင်းနဲ့ အာခေါင်တို့ပတ်ယူတာလောက် အဆင်ပြေမှုမရှိတာကြောင့် ကျယ်ပြန့်စွာအသုံးပြုဖို့အတွက်တော့ ခက်ခဲလိမ့်မယ်လို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေကလည်း ဒီလိုစမ်းသပ်မှုနဲ့ပတ်သက်ပြီး အငြင်းပွားနေကြကာ ဝူဟန်တက္ကသိုလ်က လက်ထောက်ဒါရိုက်တာရန် က “အစောချေစနစ်ထက် အသက်ရှူလမ်းကြောင်းကတဆင့် ကူးစက်ခံရကြောင်းကို သက်သေပြခဲ့ပြီးဖြစ်လို့ အထိရောက်ဆုံးစမ်းသပ်မှုဟာ နှာခေါင်းနဲ့ လည်ချောင်းတွေကသာဖြစ်ပါတယ်” လို့ ဂလိုဘယ်သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

တရုတ်ကျန်းမာရေးပညာရှင်တွေကလည်း ဒီအပေါ်မှာ ဝေဖန်မှုတွေရှိခဲ့ကြပါတယ်။ လက်ရှိမှာတော့ တရုတ်ဟာ နိုင်ငံတကာက ရောက်ရှိလာခဲ့သူတွေကို တင်းကျပ်တဲ့စည်းမျဉ်းတွေ သတ်မှတ်ထားပြီး ပြည်တွင်းကူးစက်မှုမရှိစေဖို့အတွက် တော်တော်လေးသတိထားကိုင်တွယ်နေကြပါတယ်

တရုတ်ကိုရောက်လာသူတွေဟာ ကိုဗစ်ကင်းစင်ကြောင်း စစ်ဆေးမှုသက်သေခံလက်မှတ်တွေကို ပြသဖို့လိုအပ်နေပြီး သတ်မှတ်ထားတဲ့ နေရာတွေ၊ ဟိုတယ်တွေမှာ ၁၄ရက်ကြာ ကွာရန်တင်းဝင်ရမယ်လို့လည်း သတ်မှတ်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page