လေဖြတ်နိုင်ခြေ ရှိ၊ မရှိ ဆေးရုံဆေးခန်းသွားစရာမလိုဘဲ မိမိကိုယ်တိုင် အလွယ်တကူ စမ်းသပ်နိုင်ပြီ
လေဖြတ်နိုင်ခြေ ရှိ၊ မရှိ ဆေးရုံဆေးခန်းသွားစရာမလိုဘဲ မိမိကိုယ်တိုင် အလွယ်တကူ စမ်းသပ်နိုင်ပြီ။
လေဖြတ်ခြင်းဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှု ဒုတိယအများဆုံး ရောဂါတမျိုး ဖြစ်ပါတယ်။ ကမ္ဘာတဝှမ်းလုံး အတိုင်းအတာနဲ့ နှစ်စဉ်နှစ်တိုင်း လူ ၈ သန်းခန့်ဟာ လေဖြတ်ခြင်းကို ခံစားနေကြရပြီး ဦးနှောက်ဆီကို သွေးသွားလာမှု ရပ်ဆိုင်းသွားတာ ကြောင့် လေဖြတ်ခြင်း ဖြစ်ပေါ်ရတာ ဖြစ်ပါတယ်။
လေဖြတ်ခြင်းဟာ ရုတ်တရက် ဖြစ်ပေါ်လေ့ ရှိတာ မှန်ပေမယ့် ရှေ့ပြေးလက္ခဏာတွေကိုတော့ ကြိုတင်ပြသ တတ်ပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် ဆေးပညာရှင်တွေရဲ့ လေ့လာမှုတွေအရ လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို ဆေးရုံ၊ ဆေးခန်းတွေမှာ သွားရောက် စစ်ဆေးတာမျိုး မဟုတ်ဘဲ မိမိဘာသာ အလွယ်တကူ စမ်းသပ်သိရှိနိုင်မယ့် နည်းလမ်းကို တွေ့ရှိခဲ့ကြပြီ ဖြစ်ပါတယ်။
ဒီလေ့လာတွေ့ရှိမှုကိုတော့ ဂျပန်နိုင်ငံ တိုကျိုတက္ကသိုလ်မှာရှိတဲ့ ဂျပန်လူမျိုး သုတေသသီတွေက ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေ တွေ့ရှိခဲ့တဲ့ လေဖြတ်နိုင်ခြေ ရှိ၊ မရှိကို စမ်းသပ်တဲ့ နည်းလမ်းကတော့ ခြေထောက် တဖက်တည်းပေါ်မှာ စက္ကန့် ၂၀ ကြာ ဟန်ချက်ညီညီ မတ်တပ်ရပ်ဖို့ ပြုလုပ်ရတာပဲ ဖြစ်ပါတယ်။
ဒီလေ့လာမှုအတွက် အသက် ၅၀ ကျော် ၆၀ ဝန်းကျင်ရှိ လူပေါင်း ၁,၃၀၀ ခန့်ကို ခြေထောက် တဖက်တည်းမှာ ဟန်ချက်ညီအောင် မတ်တပ်ရပ်စေခဲ့တာ ဖြစ်ပြီး အသက်အရွယ် ကြီးရင့်သူတွေအနေနဲ့ ခြေထောက်တဖက်တည်းပေါ်မှာ ဟန်ချက်ညီညီ မတ်တပ်ရပ်ဖို့ဟာ ခက်ခဲနေတာကို တွေ့ရှိခဲ့ရပါတယ်။
လေ့လာမှုအရ ခြေထောက် တဖက်တည်းပေါ်မှာ စက္ကန့် ၂၀ ကြာ ဟန်ချက်ညီညီ မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားရလေလေ လေဖြတ်နိုင်ခြေ မြင့်တက်လေပဲ ဖြစ်ပါတယ်။ အသက် ၅၀ ကနေ ၆၀ ဝန်းကျင်ရှိတဲ့ လူပေါင်း ၁၃၀၀ ခန့် ခြေထောက် တဖက်တည်းပေါ် ဟန်ချက်ညီအောင် မတ်တပ်ရပ်နေချိန်မှာ လေ့လာသူတွေက ဦးနှောက်ကို Scan ဖတ်ကာ ကြည့်ရှုနေတာပဲဖြစ်ပါတယ်။
ဒီသုတေသန လေ့လာစမ်းသပ်မှုကို ကမ္ဘာတဝှမ်းမှာရှိတဲ့ ဆေးပညာ သုတေသီတွေက ထောက်ခံခဲ့ကြပြီး ခြေထောက် တချောင်းတည်းပေါ် ဟန်ချက်ညီညီ မတ်တပ်ရပ်နိုင်စွမ်းဟာ ဦးနှောက် ကျန်းမာရေးအတွက်ရော လေဖြတ်နိုင်ခြေ ရှိ၊ မရှိကိုပါ စမ်းသပ် သိရှိနိုင်တဲ့ အရေးပါတဲ့ စမ်းသပ်နည်းတခုပဲ ဖြစ်ပါတယ်။
brainblogger