အလွန်လှပဆန်းကြယ်တဲ့ သဘာဝတရားကြီးနှင့် မြန်မာပြည်က ပြောင်းလဲမည့် အခေါ်အဝေါ်များ
အလွန်လှပဆန်းကြယ်တဲ့ သဘာဝတရားကြီးက မြန်မာနိုင်ငံမှာတော့ အမည်တွေ ပြောင်းလဲခေါ်ဝေါ်ခံရနိုင်ပါတယ်။
(နယူးဇီလန်နိုင်ငံမှ နှစ်သန်းချီရှိတဲ့ ဂိုးဒန်းဘေ သဲခုံစွယ်) ကမ္ဘာ့နိုင်ငံများမှ အခေါ်အဝေါ် – သဘာဝသဲခုံစွယ်, မြန်မာနိုင်ငံမှ ခေါ်ကြမည့် အခေါ်အဝေါ် – ကုသိုလ်ထူးရမည့် နတ်လမ်း
(ထိုင်းနိုင်ငံမှ နှစ်သန်း ၇၅ သန်းကျော်ရှိ ဟင်ဆမ်ဝမ် ကျောက်စိုင်အစု) ကမ္ဘာ့နိုင်ငံများမှ အခေါ်အဝေါ် – သဘာဝကျောက်စိုင်စုကြီး, မြန်မာနိုင်ငံမှ ခေါ်ကြမည့် အခေါ်အဝေါ် – ဆုတောင်းပြည့် ကျောက်ဝေလငါးသုံးဖော်
(အမေရိကန်နိုင်ငံမှ နှစ်သန်း ၄၀၀ နီးပါးရှိတဲ့ လူလေးထုံးကျောက်/ဒိုလိုမိုက်ကျောက်ဂူ) ကမ္ဘာ့နိုင်ငံများမှ လက်ရှိအခေါ်အဝေါ် – သဘာဝထုံးကျောက်ဂူ, မြန်မာနိုင်ငံမှ ခေါ်ကြမည့် အခေါ်အဝေါ် – ဆုတောင်းပြည့် လှိုဏ်ဂူတော်
ဒီဂူကိုတော့ ဗာဂျီးနီးယားဘက်ကို ကိုယ်တိုင် ၂ နာရီလောက် ကားမောင်းပြီး သွားလည်ဖူးပါတယ်။ တကယ့်ကို အံ့ဩရလောက်အောင် လှပလွန်းတဲ့ဂူပါ။
(အဇာဘိုင်ဂျန်နိုင်ငံမှ နှစ်သန်း ၂၅ သန်း နီးပါးရှိတဲ့ သဘာဝရွံ့မီးတောင်) ကမ္ဘာ့နိုင်ငံများမှ လက်ရှိအခေါ်အဝေါ် – သဘာဝရွံ့မီးတောင်, မြန်မာနိုင်ငံမှ ခေါ်ကြမည့် အခေါ်အဝေါ် – ဆုတောင်းပြည့် နဂါးပွက်တောင်
ဘာသာတရား ကိုင်းရှိုင်းတာနဲ့ အသိဥာဏ် ကင်းမဲ့တာကို ခွဲခြားသိမြင်တတ်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရားစစ်၊ တရားမှန်တွေ ဆထက်တပိုး အားထုတ်နိုင်ကြပါစေ။
ဘုရားစေတီတည်သူတွေအနေနဲ့လည်း လောဘစိတ်တွေလျှော့ပြီး အမြင့်မြတ်ဆုံးဖြစ်အောင်၊ အထူးခြားဆုံးဖြစ်အောင် ပင်လယ်ထဲတည်တာတွေ၊ ကျောက်ဆောင်အမြင့်ဆုံးပေါ် တည်တာတွေ၊ ဂူထဲတည်တာတွေ၊ မီးတောင်အပေါ်တည်တာတွေမျိုး မလုပ်ဘဲ သဘာဝအလှတရားက သီးသန့်၊ သာသနာပြုတာက သီးသန့်ဆိုတာကို ခွဲခြားသိမြင်ပြီး သာသနာပြုနိုင်ကြပါစေ။
သိပ္ပံနဲ့ နည်းပညာတွေ မဖွံ့ဖြိုးခင်ကတော့ နိုင်ငံတိုင်းမှာ သူတို့လူမျိုးတွေအတွက် ထူးခြားမြင့်မြတ်တဲ့ နေရာ (sacred places) တွေရှိပါတယ်။ အခု (၂၁) ရာစုခေတ်သစ်မှာတော့ ထူးခြားတဲ့နေရာတွေကို ဘာသာရေးအရ ကိုးကွယ်ယုံကြည်တာတွေမျိုး အသစ်ထပ်ပေါ်လာတာ ရှားပါးသွားသလို ယခင်မဖွံ့ဖြိုးခင်က ပေါ်ထွန်းခဲ့တဲ့ အယူအဆအမှားတွေလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်ကုန်ပါပြီ။
Ye Pyae Thu