မြန်မာနိုင်ငံက ဆယ်တန်းအောင်သွားတဲ့ လူငယ်အများစုမှာ ရှိနေတဲ့ စိတ်ရောဂါကြီးတခု
မြန်မာနိုင်ငံက ဆယ်တန်းအောင်သွားတဲ့ လူငယ်အများစုမှာ ရှိနေတဲ့ စိတ်ရောဂါကြီးတခု
မြန်မာနိုင်ငံက ဆယ်တန်းအောင်ကြတဲ့ လူငယ်အများစုမှာ တူညီတဲ့ စိတ်ရောဂါတစ်ခုတော့ ရှိကြတယ်။ အဲ့ဒါက ဘာလဲဆိုတော့ ဆယ်တန်းကို ပြန်ဖြေနေရတယ်ဆိုတဲ့ အိပ်မက်။
အဲ့အိပ်မက်က သူတို့တွေအတွက်တော့ အိပ်မက်ဆိုးကြီး။ အမှန်တော့ အသက် ၁၅ နှစ်ဆိုတဲ့အရွယ်ဟာ တော်ရုံ ဖိအားတွေ စိတ်ဖိစီးမှုတွေကို မခံနိုင်တဲ့အရွယ်ပါ။ အဲ့အရွယ်ဟာ အမှန်တကယ်ဆိုရင် ၈ တန်းစာလောက်ပဲ သင်သင့်တဲ့ အရွယ်။
အဲ့လိုအရွယ်မှာ ၁၀ တန်းဆိုတဲ့ စာတွေ တပုံတခေါင်းကြီး ကျက်နေ မှတ်နေရတယ်။ ဆယ်တန်းကာလမှာ လိမ္မာပြီး သိတတ်တဲ့ ကလေးတွေကတော့ မိမိသာ စာမေးပွဲကျခဲ့ရင် အဖေနဲ့ အမေတော့ ရပ်ကွက်ထဲမှာ မျက်နှာငယ်ရမဟဲ့ဆိုပြီး အားနာတဲ့စိတ်၊ ဆယ်တန်းကျူရှင်စရိတ်နဲ့ ကျောင်းစရိတ်တွေက အရမ်းများတယ်။
အဲ့ဒီတော့ စာမေးပွဲကို နှစ်ချင်းပေါက်အောင်မှဖြစ်မယ် ငါ ကျလို့မဖြစ်ဘူးဆိုတဲ့စိတ်၊ ငါ စာမေးပွဲကျရင် ရပ်ကွက်ထဲက ဆယ်တန်း အတူတူဖြေနေတဲ့သူတွေကြားထဲ ငါ ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့စိတ် တွေကြောင့် ဖိအားပေါင်းများစွာနဲ့ ရက် ၃၀၀ လောက် ဖြတ်သန်းခဲ့တာတွေက မသိစိတ် တစ်ထောင့်တစ်နေရာမှာ စိတ်ရောဂါတစ်ခုလို စွဲကပ်နေတာ။
အဲ့လို စွဲကပ်တာများလေလေ အိပ်မက်ထဲမှာ ဆယ်တန်းစာမေးပွဲဖြေရတာ ပိုကြောက်စရာ ကောင်းလေလေပဲ။ ဆယ်တန်းစာမေးပွဲ ပြန်ဖြေနေတယ်ဆိုတဲ့ အိပ်မက်ဟာ ကိုယ်တွေအတွက် အိပ်မက်ဆိုးကြီးဖြစ်ခဲ့ပါတယ်။
အမှန်ဆိုရင် ၁၈ နှစ်လောက်ရောက်မှ ၁၀ တန်းဆိုတာကို ဖြေခိုင်းသင့်တာပါ။ အဲ့လိုဖြေခိုင်းမှ အသက်အရွယ်အရရော ဥာဏ်ရည်အရပါ အတော်ဖြစ်သွားမှာ။ တခြားနိုင်ငံတွေမှာဆို ၁၈ နှစ်လောက်မှ Uni စတက်ရတဲ့ အချိန်မှာ ကိုယ်တွေနိုင်ငံမှာက ၁၆ နှစ်မပြည့်ခင်မှာတင် Uni ထဲရောက်နေကြပြီ။
မှတ်ချက်။ တချို့လူကြီးကတော့ အသက်ငယ်ငယ်လေးနဲ့ အခုလို မနိုင်ဝန်ထမ်းနိုင်တာဟာ ဘဝခရီးအတွက် ကောင်းမွန်တယ်လို့ အကောင်းဘက်က တွေးကြပေမယ့် ကျွန်တော်ကတော့ လူငယ်ဖြစ်တဲ့အတွက် အဲ့လို မတွေးနိုင်ဘူး။ အဲ့လို မနိုင်ဝန်ထမ်းတာက မကောင်းဘူး။
Kwee_Ar