စကစ ပိုက်ဆံ ရိုက်ထုတ်ဖို့ စက္ကူ တန် ၃၀ ရုရှားက မှာပြီ (ထောင်မလဲ သဲကော် ပိုက်ဆံတွေ လာတော့မှာလား)

ဥဇဘက်ကစ္စတန် လေကြောင်းမှ လေယာဉ်တစီးသည် ရန်ကုန်လေဆိပ်တွင် ဒီဇင်ဘာလ ၇ ရက် ည ၇ နာရီခွဲတွင် ဆိုက်ရောက်လာပြီး ငွေရိုက်နှိပ်ရန် အလေးချိန် ကီလိုဂရမ် ၃ သောင်းခွဲနီးပါးရှိ စက္ကူသေတ္တာ ၉၂ သေတ္တာကို လာရောက်ချသွားကြောင်း ဧရာဝတီက လက်ခံရရှိထားသော စာရွက်စာတမ်းနှင့် ဒစ်ဂျစ်တယ် အထောက်အထားများအရ သိရပါတယ်။

ဘက်ဂျက် လိုငွေပြလာတဲ့ ဘဏ္ဍာရေးအခြေအနေကို စစ်ကောင်စီက ငွေစက္ကူအသစ်များ ရိုက်နှိပ်ကာ ဖြည့်တင်းလျက် ရှိပါတယ်။ လက်ရှိ ဘဏ္ဍာငွေ အကျပ်အတည်း ဖြစ်နေသော စစ်ကောင်စီအနေဖြင့် ဘတ်ဂျက်လိုငွေကို ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းအထိ ငွေစက္ကူအသစ်များ ရိုက်ထုတ်နိုင်ခြေ ရှိနေပါတယ်။

ငွေစက္ကူအသစ်များ ရိုက်နှိပ်ပြီး ဘဏ္ဍာငွေ ဖြည့်တင်းခြင်းကို စစ်ကောင်၏ လက်အောက်ခံ ဗဟိုဘဏ်က တရားဝင်ထုတ် ကြေညာခြင်း မရှိသော်လည်း ဩဂုတ်လ ၃၀ ရက် (လစာထုတ်ရက်) မှ စတင်ကာ ငွေစက္ကူ အသစ်များသည် ပြည်တွင်း ပုဂ္ဂလိကဘဏ်များမှတဆင့် အများပြည်သူလက်ထဲသို့ ရောက်ရှိလာခဲ့ပါတယ်။

မြန်မာ့ကျပ်ငွေ တန်ဖိုးသည် အာဏာသိမ်းပြီးနောက် ၂၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားပြီး ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း ၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုထားသော်လည်း မြန်မာပြည်ဆိုင်ရာ လွတ်လပ်သော စီးပွားရေး ပညာရှင်များအဖွဲ့က ငွေစက္ကူသစ် ရိုက်ထုတ်မှု မြင့်မားသည့် လက္ခဏာများကြောင့် ငွေကြေးဖောင်းပွမှုသည် ကိန်းဂဏန်း ၂ လုံး (၁၀ ရာခိုင်နှုန်း နှင့်အထက်) အထိ ရှိနိုင်ကြောင်း ဆိုထားပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page