မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်နှင့် ရေကန်အလှူရှင် “ဒါကြောင့် ဆင်းရဲကြပါသည်”
မြန်မာလူမျိုးတွေရဲ့ စိတ်ဓါတ်နှင့် ရေကန်အလှူရှင်… ဒါကြောင့် ဆင်းရဲကြပါသည်…
ကျေးရွာ တစ်ရွာအတွက် ရေကန်လုပ်ဖို့ အလှူရှင်က ငွေလှူပြီး ရွာကို အပ်ပါတယ်.. တရွာလုံးက စွမ်းအင်မလိုပဲ သုံးနိုင်အောင် ရွာထိပ်က အမြင့်ဆုံးနေရာမှာ ရေကန်တည်ထား ပေးခဲ့ပါတယ်။ ရေကန်ပြီးတော့ ရွာကလူတွေက ရေသယ်ရတာ အဆင်ပြေအောင် အိမ်တွေ ကိုယ်စီ ကိုယ်စီ ရေရရှိရေး လုပ်ကြမည်ဆိုပြီး အတူတူလုပ်ဖို့ ဆွေးနွေးကြပါတယ်။
ဇာတ်လမ်းက အဲ့မှာ စပါပြီ…
ရေကန်နဲ့ နီးသူတွေက ပိုက်လိုင်း သိပ်မဝေးလို့ ငွေကို အချိုးကျ မထည့်နိုင်ဘူး တဲ့.. ရေကန်နဲ့ ဝေးနေတဲ့ သူတွေကလည်း အကွာအဝေးအတိုင်း အချိုးချလိုက်ရင် သူတို့သုံးရမဲ့ ရေက ငါးမူးပိုက်က လာတဲ့ရေဖြစ်လို့ ကုန်ကျစရိတ် တွက်ကြည့်ပြီး ကျသင့်ငွေများနေတော့ သဘောမတူကြပြန်ဘူး တဲ့…
ဒီတော့ ဘယ်လိုမှ ညှိမရတော့ ရွာဦး ကျောင်းဘုန်းကြီးကို လျှောက်ထားတယ်.. ဘုန်းကြီးက ဝင်ရောက်ညှိနှိုင်းပေးသော်လည်း မရပါဘူး. နောက်ဆုံး ညှိပေးလို့ မရတော့တဲ့ အဆုံးမှာ ” မောင်ရင်တို့ သဘော လုပ်ချင်တာလုပ်တော့ ” ဆိုပြီး ဝင်မပါတော့ပါဘူး တဲ့ ရွာဦးကျောင်းဘုန်းကြီးက…
ဒီတော့မှ ပုံပါ မြင်ရသည့်အတိုင်း ရေကန်ကို ငါးမူးပိုက်များ ဝိုင်းဖောက် ရေသွယ်ပြီး ကိုယ့်အိမ်လိုင်း ကိုယ့်ဘာသာကို သွယ်ယူ သုံးကြပါတော့တယ် တဲ့…
တစ်လခန့် အကြာမှာတော့ တစ်ဦးနဲ့တစ်ဦး စကားများကြ ရန်ဖြစ်ကြ တုတ်ဓါးဆွဲပြီး တွယ်တော့မယ်ဖြစ်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးကို ရောက်ကုန်ရောတဲ့။ သူများ အိမ်ရှေ့ကနေ ရေဖြတ်ဆွဲတော့ ရေပိုက်ကို ခွဲပစ်လို့တဲ့.. ရေက မရ.. ကိုယ့်ရေ မရတော့ ဘယ်သူ့လိုင်းမှန်းမသိ ဖြတ်ဆက်ပြီး သွယ်ပါလေရော.. အဲဒီတော့ မူလ ပိုက်ပိုင်ရှင်ဆီ ရေက မရောက်…
နောက်ဆုံးတော့ ဘယ်ပိုက်က ဘယ်သူ့ဟာမှန်း မသိ.. ဦးသူ ကိုယ့်ဟာလုပ်ပြီး ရေရအောင် ကြံကြရင်းနဲ့ တရွာလုံးနီးပါး ရန်ဖြစ် စကားများကြကာ တစ်ဦးနဲ့တစ်ဦး တစ်အိမ်နဲ့ တစ်အိမ် ရန်သူကြီးတွေလို ရန်စောင်နေကြသတဲ့လေ… !
အလှူရှင် သာဓုခေါ်နိုင်ပါစေ…