မြန်မာလူမျိုးတွေ ကင်ဆာ အဖြစ်များရတဲ့ အကြောင်းရင်းတခုနဲ့ အစားအသောက်စံနှုန်း သတ်မှတ်ချက်

မြန်မာပြည် ကင်ဆာအဖြစ်များရတဲ့အထဲက အကြောင်းတစ်ခုရယ်၊ စံနုန်းသတ်မှတ်ချက်တွေရယ်နဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်မိတ်ဆွေတစ်ယောက် ကွန်မန့်ဟာ စိတ်ဝင်းစားဖို့ကောင်းတယ်။ မြန်မာနိုင်ငံထဲသွင်းနေတဲ့ အစားအသောက်တွေနဲ့ ပတ်သက်ပြီးပြောထားတဲ့ အပိုင်းကိုပြန်မျှပါတယ်။

“ကမ္ဘာ့အပြင်းဆုံး အဆိပ် အာဖလာတော့ဆင် ကို အန္တရာယ်ရှိ အဆင့်သတ်မှတ်ချက် နိုင်ငံတကာစံ တခုရှိတယ်ခင်ဗျ။ (အဲသည်စံက သိပ်နိမ့်တယ်၊) သည်တော့ ဂျပန်တို့ အမေရိကန်တို့က အာဖလာတော့ဆင် စံတွေကို လိုက်ကြည့်ကြည့် အကို၊ တော်တော်မြင့်တယ်။ သည်တော့ ဂျပန်ကို အမေရိကန်ကို နှမ်းတို့ ဆနွင်းတို့ ဂျင်းတို့ ပဲတို့ ရောင်းဖို့ ဆိုတာ အတော်မလွယ်ဘူး။

ဒါပေသည့် မြန်မာမှာကျတော့ နိုင်ငံတကာစံလို့ ပြောလိုက်တာနဲ့ တော်တော်များများက သိပ်မြင့်တဲ့ စံလို့မြင်နေကြတာ က ဆိုးတာ၊ ခက်တာက ကျွန်တော်တို့မြန်မာနိုင်ငံမှာ အဲသည် အာဖလာတော့ဆင် ကို စံသတ်မှတ်ထားတာ မရှိဘူး။

သည်တော့ ချမ်းသာတဲ့ နည်းပညာမြင့်တဲ့ နိုင်ငံကြီးတွေက ဘာဆေးမဆို ဘာအစားအစာမဆို သူတို့ စံအမြင့်တွေနဲ့ သူတို့ နိုင်ငံသားကို အကာကွယ်ပေးထားတယ်။ တကမ္ဘာလုံးမှာ ကင်ဆာဖြစ်စေလို့ ခွင့်မပြုတော့တဲ့ အစားအစာမှာ ထည့်သုံးတဲ့ Food Additive တခု ရှိတယ်။

ဒါပေသည့် အဲသည်တခုကို တရုတ်တနိုင်ငံတည်းက ထုတ်လုပ်တယ်။ သုံးစွဲတယ်။ ဒါကြောင့် FAO က ပြဌာန်းချက်မှာ အဲသည် Food Additive ကို ခွင့်ပြုထားရတယ်၊ (အဲဒါကို ကန့်သတ်မယ်လုပ်တိုင်းမှာ ကုလသမဂ္ဂ တရုတ်ကိုယ်စားလှယ်က FAO ကိုကန့်ကွက်လို့)

သည်တော့ တစ်ကမ္ဘာလုံးမှာ ပိတ်ပင်ထားတဲ့ အဲသည် Food Additive ကို မြန်မာကို သွင်းရောင်းလို့ရတယ်။ (FAO က ခွင့်ပြုထားတဲ့ နိုင်ငံတကာစံ နဲ့ ကိုက်ညီတယ်လေ) သည်တော့ အကျိုးဆက်က တော့ အကိုတို့သိတဲ့အတိုင်းပဲ။ မြန်မာမှာကင်ဆာ ဘယ်လောက်များသလဲဆိုတာ။

(Message from U Ye Tun Oo)
Aung Kyaw San

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page