ကျောင်းကို စွဲလမ်းစိတ်ဖြင့် မကျွတ်သေးတဲ့ ကျောင်းအုပ်ဆရာမကြီး သရဲ (ဖြစ်ရပ်မှန်)
ဝုန်း……ဒိန်း..ဂျလိန်း……..ဒိန်း…… မိုးများ သည်းထန်စွာ ရွာသွန်းနေပြီး….မိုးကြိုး များပစ်ကာ….လျပ်စီးများ …တစ်ဖျပ်ဖျပ် လပ် လျက် မိုးများ အဆက်မပျက် ရွာသွန်းနေမူ ကြောင့် အောင်မင်းတစ်ယောက် ..လယ်ထဲ မသွားပဲ အိမ်မှာ နေ၍ အတွေးနယ်ချဲ့နေမိ သည်။
ဟာ ….ဟုတ်ပီ …ညကျရင်တော့.ဟင်းစား လေး ရအောင် လယ်ထဲ ဖား ထွက်ရိုက်ဦးမှ ဟု တွေးကာ …အောင်မင်းတစ်ယောက် .. အတွေးရကာ ..အပျော်ကြီး ပျော်နေ၏ ကိုအောင်မင်း တစ်ယောက် ညနေ ရောက်တော့ ဖားထွက်ရိုက်ဖို့အတွက် လိုအပ်သည်များ ကို ယူဆောင်ဖို့ ပြင်ဆင်စရာရှိတာများ ပြင်ဆင်ထားလိုက်၏။
‘ တောက် ‘…လယ်ကွင်းထဲရောက်လာ ကာမှ သတိထားမိတာ တစ်ခုက လမိုက်ညမို့ လားမသိ ..မှောက်မိုက်နေတာပဲ …လက်နှိပ် ဓာတ်မီးတခုရဲ့ မှိန်မှိန် လေးသာ လင်းနေသော အလင်းရောင် အားကိုးလေးနဲ့ လယ်ကွင်းထဲမှာ အဖော်က မပါ ..တစ်ယောက်ထဲ ဖားရှာ ထွက်လာခဲ့ပြီး….လယ်ကွင်းထဲရှိ မိုးရေဖွေးဖွေး ရွံ့ဗွက်တွေထဲ အောင်မင်းတစ်ယောက် ဖားရှာ လာလိုက်တာ တစ်ကောင်စ နှစ်ကောင်စ လောက်သာ ရ နေသေး၏ ။
ဖားက သိတ် မတွေ့ မိုးများကလဲ တစ်ဖွဲဖွဲကျလျက် လျပ်စီးများ တစ်ဝင်းဝင်း လျပ်လိုက်တိုင်း အောင်မင်းခဗျာ လန့်လန့်သွား၏။ မိုးချူန်းသံကြီးက တောတစ်ခုလုံးကို ဟိန်းထွက်နေပြီး တိပ်ဆိတ် လွန်းနေတာကြောင့် ကြက်သီးများထကာ ကြောက်စိတ်များဝင်လာပါတော့၏။
လယ်ကွင်းထဲမှာ ဖားကောက်လာသူ အဖော် တစ်ယောက်တစ်လေများ တွေ့လေ မလား ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိ တော့လည်း လူက .တစ်ယောက်မှ…မတွေ့ မိုးများ တစ်ဖွဲဖွဲကျနေသေးသောကြောင့် လူတစ်ကိုယ်လုံးလည်း မိုးရေများ…စိုရွဲှကာ ချမ်းတုန်နေပြီး ဖားကောက်လာလိုက်တာ လည်း အတော် ညဉ့်နက်သွားပြီဖြစ်သောကြောင့် အနီးနား တစ်ဝိုက် ဖားများ …ရသလောက်ကောက်ပြီး ပြန်မယ်ပေါ့ ကိုယ့်အတွေးနဲ့ကိုယ်…ပြန်လှည့်လာရာ မထင်မှတ်ပဲ စာသင်ကျောင်ဝိုင်းနား ရောက်မှန်းမသိ ရောက်လာခဲ့သည်။
ကျောင်းဝန်းနားရောက်လာတော့.. ဂွက်…..ဂွက်…..ဂွက် ဖားတစ်ကောင် တစ်ဂွက်ဂွက် အော်သံကြား သောကြောင့် ကိုအောင်မင်းတစ်ယောက် ဖားအော်သံကြားရာ ကျောင်းထဲသို့ ဝင်လာခဲ့၏။ အသံကြားရာ လျှောက်ကြည့်မိပြီး..ဒီတော့မှ ကျောင်းဆောင်ကြီးအောက်ကမှန်းသိသွားခဲ့ တယ်။ စာသင်ကျောင်းဆောင်က နှစ်ထပ် ဆောင် သစ်သားပြင်နဲ့ဆောက်ထားတာ ။
ဟာ…. အို…..ဒုက္ခပါပဲ ….အောင်မလေး .. ငါတော့ ဒီကျောင်းဝန်းထဲ ဝင်မိတာ မှားပြီ ထင်တယ်။ ခုမှ သတိရတယ်ကျန်း။ ဒီကျောင်းက သရဲခြောက်တယ်ဆိုတာ၊ .ဟို…ဟို….. ကိုအောင်မင်းတစ်ယောက် တစ်ဟိုဟိုနဲ့ လက် ညိုးလေးကို ထောင်ပြီး စဉ်းစားနေတာ.. သရဲမ ဟုတ်တယ်။
သ..သ..သရဲမ အလည်တန်းကျောင်းအုပ် ဆရာမ ဗိုက်ကြီးသည်သရဲမ ဒေါ်ဝင်းကြည် ကလေးမမွေး နိုင်လို့ .ဆုံးသွားတာ သူ မကျွတ်သေး ဘူးဆိုတာ ငါ ခုမှ သတိထားမိတယ်။ ဒေါ်ဝင်းကြည်က ကျောင်းကိုစွဲပြီး သေ သွားတာ ငါဒီကျောင်းဝန်းထဲက အမြန်ထွက်မှ ပါ ဟု တွေးနေတုန်းရှိသေး၊ ဝုန်း…..ဒုန်း…………ဒုန်း…….. “အမလေး မြတ်စွာဘုရား ဘာတုန်းဟ” ကျောင်းဆောင်ကြီး အပေါ်ထပ်က တစ်ခုခု ပြုတ်ကြလာတဲ့အသံ၊
ဒီတော့ အသံကြားရာ အပေါ်ထပ်သို့ မဝံ့မရဲ စာသင်ကျောင်းဆောင် ပေါ်သို့လက်နှိပ်ဓာတ်မီးလေနဲ့ထိုးပြီး ဟိုထိုးဒီထိုး တော်တော်ကြာကြာ ရှာကြည့် နေမိသည်။ ကျောင်းဆောင်ကြီးက ပကတိ ငြိမ်သက်လျှက်ပဲ။ ငြိမ်သက်နေပေမဲ့ လက်နှိပ် ဓာတ်မီးနဲ့ ရှောက်ရှာ ထိုးနေဆဲမှာပဲ မထင်မှတ် ပဲ ကြောက်စရာကောင်းသော အရာကို သွားတွေ့မိတယ်။ ရင်ထဲမှာလည်း တဒိန်းဒိန်း ခုန် နေမိသည်။ ကြောက်အားကြီးပြီး အော်မိသည်။
“အား……” ကျောင်းအပေါ်ထပ် ကြမ်းပေါက်က စူးရှတောက်ပနေတဲ့ မျက်ဝန်းတစ်စုံ ..ပြူးကျယ် နေသောမျက်လုံးကြီး…ကိုအောင်မင်းလည်း ကြောက်လွန်း၍ မျက်လုံးကို မှိတ်ထားမိသည်။ ခဏအကြာ ထိုနေရာကို မဝံ့မရဲ ပြန်ကြည့်မိတော့ ထိုအရာကြီးမရှိတော့ပေ ဒါနဲ့ ကိုအောင်မင်း လည်း ကြောက်ရွံနေတဲ့ကြားက အစောနက မျက်ဝန်းပိုင်ရှင် ဘယ်သူလည်း….ဆိုတာ သိချင်တော့ မေးဖို့ဆုံးဖြတ်လိုက်ပါတော့၏။ မေးသာမေးရမှာ ..လူက အတော်ကိုလန့် နေသည်။ တော်ကြာ သူခိုးတွေဘာတွေ ကပ်နေ တာ ဖြစ်မည်စိုးသောကြောင့် အရဲစွန့်ကာ တောက်ပနေတဲ့မျက်ဝန်းပိုင်ရှင် လူတစ်ယောက်ကို အော်မေးလိုက်မိသည်။
“ဟေ့….” ကျောင်းဆောင်ပေါ်မှာ ဘယ်သူရှိနေတာလည်း။ ခုန က.ဘယ်သူလည်း ..ကျောင်းပေါ် ထပ်မှာ လူရှိလား ဘယ်သူလည်း … ‘ကိုကသာ ဘယ်သူလည်း..မေးနေသော်လည်း ဘာတုန့်ပြန်မူမှ မလာသဖြင့် သိချင်ဇောနဲ့ ကျောင်းအပေါ်ထပ်တက်ဖို့ ကျောင်းဆောင်ကြီးဆီသို့..လက်နှိပ်ဓာတ်မီးလေး ထိုးကာ တစ်လှမ်းချင်း တိုးကပ်လာပါတော့သည်။
ပြီးနောက် လှေကားလေးအတိုင်းအပေါ်ထပ် တတ်ကာ…နုတ်မှလည်း ကျောင်းပေါ်မှာ ဘယ်သူ ရှိလည်း.ဆိုပြီး..မေးလည်းမေး ကျောင်းတံခါးပေါက်ကြီး .. ဆက်ခနဲ..ဆွဲဖွင့်ပြီး.. …တစ်ခန်းဝင်..တစ်ခန်းထွက် မေးကာ လပ်နှိပ်ဓာတ်မီးနဲ့ ဟိုထိုးဒီထိုးလုပ်ပြီး ရှာနေသော်လည်း လူနဲ့တူတာဆိုလို့ တစ် ယောက်မှ မတွေ့ နောက်တော့ လူရိပ်တစ်ခုက ရုပ်တစ်ရက်ကြီး ကိုယ့်ဘေးနားက ဖျက်ခနဲ ဖြတ်ပြေးသွားတာကို မြင်လိုက်ရတော့ ကြက်သီး တဖျန်းဖျန်းထကာ တစ်ကိုယ်လုံး တုန်တတ်သွားပြီး ကြောက်စိတ် များဝင်ကာ လက်ထဲရှိ..ဓာတ်မီးကို ကျစ်ကျစ် ပါအောက် ဆုပ်ကိုင်ရင်း ထိုလုူရိပ်ကို လိုက်ရှာ ကြည့်မိပြန်သည်။
လူက လယ်ကွင်းထဲမှာ ကတဲက မိုးရေများမိထားသောကြောင့် ပို၍ပင် တုန်ရီနေသည်။ ကျောင်းမှာရှိတဲ့အခန်းတွေ အားလုံး….အကုန့်ပတ်ရှာပြီး..ဘာ မှ မတွေ့တော့ တဲ့အဆုံး ကျောင်းလှေကား ထိပ်မှာ ထိုင်ချကာ အိတ်ထဲမှာ ပါလာတဲ့ ဆေးလိတ် ကလေးကို သောက်ဖို့ မီးညှိနေတုန်းရှိသေး.. “ဝုန်းး…..ဒုန်းး” ဆိုသော အသံတွေ ကျယ်လှောင်စွာ ကိုယ့်ရဲ့ နောက်ကြောဖက်တည့်တည့်က ပေါ်ထွက်လာခဲ့တယ်။
သိတ်မကြာလိုက်ဖူး ကိုအောင်မင်းနောက်ကနေ တစ်စုံတစ်ယောက်က မကျေနပ်ဟန်ဖြင့် တွန်းချတာကို ခံလိုက်ရပြီး ကိုအောင်မင်းလည်း လှေကားအတိုင်း တလိမ့်ကောက်ကွေ့ အောက်ဆုံးထိ ပြုတ်ကျ သွားပါတော့၏။
လူလည်း ရုပ်တစ်ရပ် တစ်စုံတစ်ယောက်ရဲ့ တွန်းချမူကို ခံလိုက်ရာတာကြောင့် လန့်သွားကာ တွန်းချခံရတဲ့နေရာကို လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်လိုက်တော့… “အား”ဟူသောအသံနဲ့အတုူ ကိုအောက်မင်း ပါးစပ်အဟောင်းသားဖြစ်ကာ မည်မျှကြာသည်အထိ ကြောင်ကြည့်နေသည် မသိတော့ပါ ။
အသိဝင်လာလို့ကြည့်လိုက်တော့ ကျောင်းအုပ်ဆရာမ ဒေါ်ဝင်းကြည် သရဲမ ကြီး ဖြစ်နေတာကို တွေ့လိုက်ရတော့တာပဲ ဗိုက်ကြီးသည် သရဲမကြီးက ကြောက်စရာကောင်းသောမျက်နှာကြီးရယ် နီးရဲနေသော မျက်လုံး နောက်ပြီးဆံပင် ဖားလျားကြီးနဲ့ ကိုအောင်မင်းကို စိမ်းစိမ်းကြီးစိုက် ကြည့်နေတာကိုလည်း ကြောက်မတ်ဖွယ် ်တွေ့မြင်ရပါတော့၏။
ဒီလို ကြောက်စရာကောင်းသော သရဲမကို ညအချိန် မတော် တိတ်ဆိတ်မှောင်မည်းနေတဲ့ ကျောင်းကြီးထဲမှာ သွေးပျက်ခြောက်ခြား ဖွယ်ကောင်းသော ရုပ်ပျက်ဆင်ပျက် ဗိုြက်ကီးသည် သရဲမ ကို တွေ့လိုက်ရသောအခါ ကိုအောင်မင်းလည်း အကြောက်လွန်ပြီး ထိုကျောက်းဝန်းထဲမှ ပြေးထွက်ကာ ပါးစပ်မှ လည်း….ကယ်ကြပါဦး .. ကယ်ကြပါဦး ….ဟုအော်ဟစ်ကာ ရွာထဲထိ ရောက်အောက် အသံကုန်ဟစ်၍ အော်ပြေးလာခဲ့ပြီးနောက် အိမ်လည်းရောက်ရော သတိမေ့ကာ လည်းကျ သွားပါတော့၏။
ကိုအောင်မင်းသတိရလာတော့ အိမ်သားတွေက ဝိုင်းမေးကြရာ အကြောင်းစုံကို ကိုအောင်မင်းက ရှင်းပြလိုက် တေ့ာ ရွာသားတွေသိရှိသွားပြီး့ ကျောင်းအုပ်ဆရာမ အတွက် ရည်စူးပြီး ကောင်းမူကုသိုလ်တွေ လုပ်ပေးခဲ့ကြပါ တော့၏။
မူရင်းရေးသားသူအား လေးစားစွာဖြင့်