ထွက်သွားကြတော့မယ့် နိုင်ငံတကာကုမ္ပဏီတွေနဲ့ ပြိုလဲတော့မယ့် မြန်မာ့စွမ်းအင်ဈေးကွက်

မြန်မာနိုင်ငံ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းတွင် အစုစပ်ပါဝင်ထားသော လုပ်ငန်းမှ မလေးရှား ပီထရိုနက်စ် နှင့် ဂျပန် မစ်ဆူဘီရှီ ကုမ္ပဏီများအနေဖြင့် နုတ်ထွက်လိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ယင်းကုမ္ပဏီနှစ်ခု မြန်မာနိုင်ငံမှ ထွက်ခွာခြင်းသည် ပြီးခဲ့သည့်နှစ် အာဏာသိမ်းပြီးချိန်မှနောက်ပိုင်း အဓိက စွမ်းအင်ကုမ္ပဏီကြီးများ နိုင်ငံတွင်းမှ ထွက်ခွာကြရာတွင် နောက်ဆုံး ထွက်ခွာမှုလည်း ဖြစ်ပါတယ်။

နည်းပညာနှင့် စီးပွားရေး အခြေအနေတို့အရ လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် ခက်ခဲလိမ့်မယ်လို့ မစ်ဆူဘီရှီ မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်ရှိ ရဲတံခွန်သဘာဝဓာတ်ငွေ့လုပ်ငန်းတွင် ရှယ်ယာ အစုစပ်ပါဝင်မှု ၁ ဒသမ ၉၃ ရာခိုင်နှုန်း သွယ်ဝိုက်ပိုင်ဆိုင်ထားတဲ့ မစ်ဆူဘီရှီ ကုမ္ပဏီသည် စီမံကိန်းမှ နုတ်ထွက်ရန် ဆုံးဖြတ်ထားပြီး အကျိုးတူဖက်စက်လုပ်ငန်း JX Myanmar မှ အခြားသော မိတ်ဖက်များနှင့် ဆွေးနွေးပြောဆိုနေတယ်လို့ သိရပါတယ်။

ရဲတံခွန်လုပ်ကွက်တွင် လုပ်ငန်းလုပ်ကိုင်နေသော PC Myanmar (Hong Kong) Limited လုပ်ငန်းခွဲအား ပိုင်ဆိုင်သည့် ပီထရိုနက်စ် ကုမ္ပဏီကလည်း ကုမ္ပဏီ၏ မြန်မာနိုင်ငံက လုပ်ငန်းနှင့် ပိုင်ဆိုင်ဆက်စပ်ရာများကို ရောင်းချရန်အတွက် ပြီးခဲ့သည့်နှစ် ဇူလိုင်လ၌ သဘောတူညီချက်များကို လက်မှတ်ရေးထိုးထားတယ်လို့ သိရပါတယ်။

အရောင်းအဝယ် အပြီးသတ်ခြင်းကို ဆိုင်းငံ့ထားရကြောင်း ပီထရိုနက်စ်မှ ပြောခွင့်ရသူတစ်ဦးက ပြောပြီး ဝယ်လက်ကို ထုတ်ဖော်ပြောရန် ငြင်းဆန်ထားပါတယ်။

PC Myanmar (Hong Kong) Ltd သည် ရဲတံခွန်လုပ်ငန်း၌ ရှယ်ယာ ၄၀ ဒသမ ၉ ရာခိုင်နှုန်းအား ပိုင်ဆိုင်ထားပြီး မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းက ၂၀ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပါတယ်။ ဂျပန်လုပ်ငန်းစု JX Myanmar က ၁၉ ဒသမ ၃ ရာခိုင်နှုန်း ပိုင်ကာ ကျန်ရှယ်ယာအစုကို PTTEP International Ltd က ပိုင်ဆိုင်ထားပါတယ်။

မြန်မာနိုင်ငံရဲံ အဓိကသဘာဝဓာတ်ငွေ့စီမံကိန်းမှာ မိတ်ဖက်ပြု လုပ်ကိုင်နေတဲ့ တိုတယ်နဲ့ ချက်ဗရွန် ကုမ္ပဏီတို့ဟာ ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြီးတဲ့နောက်မှာ အခြေအနေဆိုးလာတဲ့ လူသားချင်း စာနာမှုတွေကြောင့် မြန်မာနိုင်ငံမှ လုပ်ငန်းများ ရုပ်သိမ်းပြီးဖြစ်ကြောင်း ပြီးခဲ့တဲ့လက ကြေညာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page