ကမ္ဘာ့အချောဆုံး လူသား ပိုင်တံခွန်နဲ့ ရုပ်ချင်း ချွတ်စွပ်တူနေလို့ လူအများ စိတ်ဝင်စားနေကြသူ တဦး

လောကမှာ လူတူ မရှား နာမည်တူ မရှား ဆိုတဲ့အတိုင်း လူတယောက်နဲ့ တယောက် ချွတ်စွပ် တူတဲ့ အဖြစ်ဟာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လေ့ ရှိပါတယ်။

သိပ္ပံပညာရှင်များ တွက်ချက်ထားမှုအရတော့ ကမ္ဘာပေါ်မှာ ကိုယ်နဲ့ တူတဲ့ လူပေါင်း နောက်ထပ် (၆) ယောက် အနည်းဆုံး ရှိနိုင်တယ်လို့ သိရပါတယ်။

တချို့တွေကတော့ ရုပ်ချင်းပဲ ဆင်လေ့ ရှိပေမယ့် တချို့ကကျတော့ အမြွှာတွေ ပမာဏ ရုပ်၊ အသံ၊ လေယူလေသိမ်း၊ အမူအကျင့်ကအစ တူညီကြတာတွေ ရှိပါတယ်။

ယခုလည်း နာမည်ကျော် မော်ဒယ်မင်းသား ပိုင်တံခွန်နဲ့ ချွတ်စွပ်နီးပါးတူတဲ့ လူတဦးရဲ့ပုံတွေ အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာပါတယ်။

ထိုသူရဲ့ အမည်နဲ့ နေရပ်ကို သေချာစွာ မသိရသေးပေမယ့် ဝတ်စားဆင်ယင်ပုံအရတော့ နယ်ဖက်က လူတယောက် ဖြစ်နိုင်ပါတယ်။

မင်းသားပိုင်တံခွန်ရဲ့ ပရိသတ်တွေကလည်း ပိုင်တံခွန်နဲ့ ထိုလူ ချွတ်စွပ်တူညီမှုကို အံ့အားသင့်နေကြပါတယ်။ ထိုသူရဲ့ ပုံတွေကလည်း အွန်လိုင်းမှာ တော်တော်များများ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။

မင်းသား ပိုင်တံခွန်ဟာ လက်ရှိအချိန်မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် မတရားအချခံထားရတာကြောင့် အင်းစိန်ထောင်ထဲမှာ ရှိနေပါတယ်။ ထောင်ထဲ ရှိနေစဉ်မှာပဲ ကမ္ဘာ့အချောဆုံး စာရင်းမှာ နံပါတ် (၁) အဖြစ် ရရှိခဲ့ပါတယ်။

မင်းသားပိုင်တံခွန် မတရားဖမ်းဆီး ခံရခြင်းမှ အမြန်လွတ်မြောက်ပါစေလို့ ဒီနေရာကနေ ဆုတောင်း ပေးလိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page