ထမင်း ၁၀၀ ဖိုးလေးကို တနေ့လုံး စားနေရရှာတဲ့ အသက် ၉၀ ကျော် အဖွားရဲ့ သနားစရာ အဖြစ်
သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက်ရေးဟာ အလွန် အရေးကြီးပါတယ်။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးအတွက် ပြည်သူက ပြည်သူကို အားကိုးမှပဲ ရမယ့်အခြေအနေ ဖြစ်နေပါတယ်။
ယခုလို ကာလမျိုးမှာ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ဖို့ ပိုပြီး အရေးကြီးပါတယ်။ ယခုလည်း ထမင်း ၁၀၀ ဖိုးလေးကို တနေကုန် စားနေရတဲ့ အသက် (၉၀) ကျော် အဖွားအိုရဲ့ သနားစရာ ဖြစ်ရပ် အကြောင်းကို ဖော်ပြ လိုက်ပါတယ်။ ဦးဇင်းတပါးရဲ့ ရေးသားမှု ဖြစ်ပါတယ်-
“စာဝါသွားရင်း လမ်းမှာ အဘွားအိုတွေ့တာနဲ့ အဘွားအသက်ဘယ်လောက်ရှိပြီလည်းမေးကြည့်တော့ ၉၀ရှိပြီတဲ့ ဒီဟာတွေက ဘာလုပ်မလို့လည်း ၁ပုံ ၁၀၀နဲ့ရောင်းမလို့ အဘွားက ထမင်း၁၀၀ဖိုးဆို တနေကုန်စားလို့ရတယ်။
အဘွားကအသက်ကြီးပြီဆိုတော့သိပ်မစားနိုင်တော့ဘူးတဲ့ စိတ်ထဲမကောင်းတာနဲ့ ကိုယ်တက်နိုင်သလောက်လေးလှူ ဒါန်းခဲ့တယ်။အဘွားကလည်း သာဓုတွေခေါ်ပြီးတော့ ကျန်းမာဖို့ဆုတောင်းပေးပါတယ်။
အဖွားက တော်တော်လေး အိုနေပါပြီ။ အခုလိုမျိုး မြင်တွေ့ရတာတော့ ရင်ထဲ မကောင်းပါဘူး။ အချိန်သိပ်မရလို့ အဖွားရဲ့ ဖြစ်ကြောင်းကို အလုံးစုံ မမေးမြန်းနိုင်ခဲ့ဘူး။ ဘာကြောင့် အခုလိုဖြစ်တာလဲ ။ သားသမီးက စွန့်ပစ်တာလား ၊ သားထောက်သမီးခံ မရှိတော့တာလား ဆိုတာလည်း သေချာ မသိခဲ့ပါဘူး။
ဘာဖြစ်ဖြစ် မြန်မာလူမျိုးမှန်ရင် မိအို ဖအိုတွေကို မစွန့်ပစ်ကြပါနဲ့ ။ နေဝင်ချိန်လေးမှာ သာသာယာယာ တရားအလုပ်နဲ့ ကုသိုလ်တရားတွေ ပွားများနိုင်အောင် ဆောင်ရွက်ပေးကြပါနော်။”