မင်္ဂလာဒုံတွင် မြွေထီး မြွေမ မြွေနှစ်ကောင် အိမ်ထဲသို့ ဝင်နေ၍ မီးသတ်တပ်ဖွဲ့ သွားရောက်ဖမ်းဆီး
၂၆.၁.၂၀၂၂ ရက်နေ့၊ (၂၀:၃၀) အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရဲစုတောင်ရပ်ကွက်၊ အေးရိပ်သာလမ်းတွင် မြွေ(၂)ကောင်ဝင်ရောက်နေကြောင်း မီးသတ်တပ်ဖွဲ့ထံ သတင်း ရောက်ရှိလာပါတယ်။
အဲဒါကြောင့် မင်္ဂလာဒုံမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၆)ဦးတို့ဖြင့် သွားရောက်ဖမ်းဆီးပေးခဲ့ရာ (၂၁:၁၅)အချိန်တွင် ဖမ်းဆီးရမိသော မြွေ(၂)ကောင်အား ဘေးလွတ်ရာသို့ လွှတ်ပေးခဲ့ပါသည်။
ရန်ကုန်မြို့တွင် မီးသတ်တပ်ဖွဲ့ ဖမ်းနေကြ စပါးအုံး မြွေအမျိုးအစား မဟုတ်ဘဲ ရိုးရိုးမြွေ အမျိုးအစား မြွေထီး၊ မြွေမ နှစ်ကောင်သာ ဖြစ်ကြောင်း သိရှိရပါတယ်။
မိမိ နေအိမ်ခြံဝင်းအတွင်း မြွေကြီး၊ မြွေထီး၊ မြွေမများတွေ့ရှိပါက မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့သို့ အကြောင်းကြားပြီး လာရောက် ရှင်းလင်းပေးဖို့ အကူအညီ တောင်းခံနိုင်တယ်လို့ သိရပါတယ်။