အမေရိကန်မှာ ရွာတဲ့ ငါးမိုး (ငါးတွေ မိုးပေါ်က ရုတ်တရက် ကျလာတဲ့ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်)

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်က မြို့တစ်မြို့မှာတော့ သာမာန်နဲ့မတူတဲ့ မိုးရွာသွန်မှု ဖြစ်ခဲ့ပါတယ်။ ဒီလိုထူးဆန်းစွာ ရွာတဲ့ မိုးမျိုးကို စိတ်ကူးနဲ့တောင် ယဉ်ဖူးမှာ မဟုတ်ပါဘူး။

မြို့သူမြို့သားတွေရဲ့ ပြောဆိုချက်အရ ဒီမိုးဟာ မုန်းတိုင်းတိုက်နေတုန်း ရွာသွန်းခဲ့တဲ့ ငါးမိုးပဲ ဖြစ်ပါတယ်။

တက္ဆာကာနာ မြို့မှာ ဗုဒ္ဓဟူးနေ့က မိုးသက်မုန်တိုင်းတွေ တိုက်ခတ်နေချိန်မှာ တကယ်ပဲ “ငါးမိုးရွာနေတယ်” လို့ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။

ဒီလိုမျိုး သာမာန်နဲ့မတူတဲ့ မိုးများဟာ အရင်ကလည်း ရွာသွန်းဖူးပါတယ်။ အဲဒီတုန်းကတော့ အဆိပ်ရှိတဲ့ ဖားတွေ ရွာချခဲ့တဲ့ ထူးဆန်းပြီး ထိတ်လန့်စရာကောင်းခဲ့တဲ့ မိုးပဲ ဖြစ်ပါတယ်။။

ဒေသခံအများအပြားဟာ ကောင်းကင်မှ ကျလာတဲ့ ငါးများရဲ့ ဓာတ်ပုံများကို လူမှုကွန်ရက်တွင် မျှဝေခဲ့ကြပါတယ်။

အခုလို တိရစ္ဆာန်မိုးရွာသွန်းခြင်းဟာ ဖားများ၊ ဂဏန်းများနဲ့ ငါးလေးများဟာ မြေမျက်နှာပြင်ပေါ်ရှိ အပေါက်များ တွင်းများထဲမှ ထွက်ပေါ်လာတာမျိုး သို့မဟုတ် မြေမျက်နှာပြင်ပေါ် မျောပါလာတာမျိုးတွေကြောင့် ဖြစ်ပေါ်နိုင်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page