ငါးကင်ရောင်းရင်း စာကြည့်တိုက်ဖွင့်ခဲ့တဲ့ စွန့်ဦးတီထွင်လူငယ်လေးရဲ့ ဝမ်းနည်းဖွယ်အဖြစ်အပျက်

၂၀၁၅ ခုနှစ်ခန့်က လှည်းတန်းမှာ ငါးကင်ရောင်းရင်း စာကြည့်တိုက်ဖွင့်ခဲ့တဲ့ စွန့်ဦးတီထွင် လူငယ်လေး ကိုဇော်ဇော်ရဲ့ အကြောင်းကို အွန်လိုင်း အသုံးပြုသူများ မှတ်မိကြဦးမယ် ထင်ပါတယ်။

ပညာတတ်ကြီး မဟုတ်ပေမယ့် သူ့ရဲ့ ထူးခြားတဲ့ စာကြည့်တိုက် ဖွင့်ပုံဖွင့်နည်းကြောင့် လူအများအပြား အခမဲ့ စာအုပ်ဖတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ မွန်မြတ်လှတဲ့ ရည်ရွယ်ချက်ကြောင့် လူအများအပြားက ချီးကျူး ခဲ့ကြပြီး ဂုဏ်ပြုဆု အများအပြားလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ကြီး ကံဆိုးမိုးမှောင်ကျတဲ့ အချိန်မှာ စွန့်ဦးတီထွင် လူငယ်လေး ကိုဇော်ဇော်လည်း ပါဝင်သွားခဲ့ရပါတယ်။

ကားမတော်တဆမှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရခဲ့တဲ့ ကိုဇော်ဇော်ဟာ လူမှုကွန်ယက်ကနေ အတန်ကြာ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။ ဒဏ်ရာကြောင့် မှတ်ဉာဏ်တချို့ မေ့လျော့သွားတဲ့ ကိုဇော်ဇော်ဟာ လက်ရှိအချိန်မှာ ပြန်လည်ကျန်းမာဖို့ ကြိုးစား အားတင်းနေရတဲ့ အချိန် ဖြစ်ပါတယ်။ သူကိုယ်တိုင် ရေးထားတဲ့ ခံစားမှု စာတချို့ကို အောက်မှာ ဖော်ပြလိုက်ပါတယ်-

“ကျနော့်ပျောက်နေရသော အကြောင်းအရာ များစွာရှိခဲ့၍ နားလည်ပေး၍ ခွင့်လွှတ်ပေးကြပါခင်ဗျာ ယနေ့ ယခုအချိန်ထိ ကျနော် ဆေးကုနေရပါသည်ခင်ဗျာ။ ဒါပေမဲ့ ကျွန်တော်ဆေးကုရန် အလှူငွေ မကူညီကြပါနဲ့ခင်ဗျာ။ ကျွန်တော်ထက် လိုအပ်သော မိတ်ဆွေများစွာအတွက် ကူညီပေးကြပါခင်ဗျာ။ လူငယ်တွေမှာကိုယ်ပိုင်နာမည်ရှိကြစမြဲပါ။ ကျန်းမာစွာ ကျနော်နေထိုင်လျက်ပါ။ ကျ​​နော့်အတွက် စိတ်မပူကြပါနဲ့ခင်ဗျာ။”

ကိုဇော်ဇော် ဖွင့်ထားတဲ့ ငါးကင်ဆိုင်လေးလည်း ပိတ်လိုက်ရတဲ့ အကြောင်းကို သူကိုယ်တိုင် ရေးသားထားချက်တွေကို ဆက်လက် ဖော်ပြ လိုက်ပါတယ်- အိမ်ကလူတွေကပြောတယ်. ငှါး ထားသော ဆိုင်လေး ပိတ်လိုက်ရပြီတဲ့. စပေါ်ငွေက ရှစ်သိန်းကျပ်ပြန်မရ.ခြောက်လပြည့်အောင် ဖွင့်ရင်ပြန်ရတယ်. တစ်လ ဆိုင်ခန်းခက လေးသိန်းခွဲပေးရတယ် ဆိုင်က ငါးပေလောက်ပဲရှိ၍ ဝန်ထမ်းခအတွက်နဲ့ဆို တစ်လ ရှစ်သိန်းကျော်ကုန်ကျ၍ အရှုံပေါ်သွားခဲ့တယ်။

နှစ်လဘဲဖွင့်ခဲ့တယ်. ဘယ်လောက်အရှုံးပေါ်သွားလဲ ပြောမိ သိန်းလေးဆယ်လောက်တဲ့. ငါ့ ဆေးကုပေးမဲ့ ပိုတ်ဆံ တွေ ကုန်သွားပြီပေါ့ ပြောတော့ အားမငယ်ပါနဲ့ တဲ့။ ကိုယ်ဘဝကိုယ် အားတင်းထားပါတဲ့. ငါးကင်ဆိုင်ဖွင့်ဖို့ နေရာလေးများရှိရင် ကျနော့်ပြောပေးကြပါအုံးခင်ဗျာ။

မြန်မာပြည်ကြီး အမှောင်ထဲ ကျနေတဲ့အချိန်မှာ စေတနာမွန်မြတ်ပြီး စွမ်းဆောင်ရည် ကောင်းတဲ့ ကိုဇော်ဇော်တို့လို စွန့်ဦးတီထွင် လူငယ်လေးတွေ အခုလို ဒုက္ခရောက်နေတာကို မြင်ရတာ အလွန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ မြန်မာပြည်မှာ တရားမျှတမှုတွေ ရှင်သန်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေ ရောက်လာပါစေလို့ ဆုတောင်းရင်း…

Leave a Reply

Your email address will not be published.

x

You cannot copy content of this page