လှုပ်လေ မြုပ်လေ စကစရဲ့ ပိုတင်းကျပ်လိုက်တဲ့ ဒေါ်လာပုံသေနှုန်းနဲ့ SKD ကားတို့ရဲ့ နိဂုံးအဆုံးသတ်

“မနေ့ကထုတ်ပြန်လိုက်တဲ့ နိုင်ငံခြားငွေတားမြစ်ကန့်သန့်ချက်ကြောင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုပါတဲ့ SKD ကားထုတ်မှုများထပ်မံလုပ်ဆောင်ရန်မလွယ်တော့ပါ” အထက်ပါစကားကို ပြောကြားပိုစ့်တင်ထားသူကို SKD Suzuki ချစ်သူတွေကောင်းကောင်း ​ သိကြမှာပါ။ ဆယ်လီတဖြစ်လဲ…မော်ဒယ်လ်မင်းသား-ူးလေး Dealer ကြီးတယောက်ရဲ့မှတ်ချက်တခုလဲဖြစ်ပါတယ်။

သူ့စကားကို သုံးသပ်ကြည့်ရရင် နိုင်ငံခြားငွေတားမြစ်ကန့်သန့်ချက်ကြောင့် FDI (Foreign Direct Investment) တွေ အကုန် ဒေါ်လာငွေအသုံးကန့်သတ်ခံရပြီး လုံးဝကို Shut Down ဖြစ်သွားလို့ SKD ကားတွေ အကုန်စျေးမိုးထိုးဖို့ ဖြစ်လာနိုင်ပါပြီလို့ တဘက်လှည့်နဲ့ လှန့်လိုက်သလိုပါပဲ။ လူပြိန်းနည်းနဲ့ စဉ်းစားရရင်တော့ ဟုတ်သလိုလိုရှိနေနိုင်ပါတယ်။

ဒါပေမဲ့ အဖြစ်အပျက်အကြောင်းတရားများဟာ ဖြစ်ပေါ်လာပြီဆိုရင် သူတို့ရဲ့ အားနည်းချက်( Weak Point) နဲ့ အမှောက်ဘက်ခြမ်း မှောင်ခိုပေါ့(Dark Side) ဆိုပြီး ယေဘုယျအားဖြင့် နှစ်မျိုးကွဲထွက်လာပါတယ်။ ကဲ… (Weak Point) အကြောင်း စပြောရအောင်။ SKD စျေးတွေ တကယ်ကို Gravity အပြင်ဘက် ခုန်ထွက်ရလောက်တဲ့ အကြောင်းရင်းကို သူက Highlight လုပ်လာပြီဆိုတော့…အဲ့ SKD တွေကိုပဲလူတွေ လက်ရှောင်မတတ် ကြောက်ရမယ့် အကြောင်းကိုပါ သူ့ဘာသာ သူ မသိလိုက်ပါပဲနဲ့ ကြေငြာလိုက်သလိုပါပဲဗျ။

ဆူဇူကီးဟာဆိုရင်ဖြင့် မြန်မာလူမျိုးတွေကို သံယောဇဉ်ကြီးကြီးနဲ့ ရွှေနိုင်ငံမှာ ရပ်တည်လာတာ ဆယ်စုနှစ် နှစ်ခုကျော် သုံးခု နီးပါးပါပဲ။ အစိုးရအဆက်ဆက် စစ်အစိုးရ၊ ရွှေရည်စိမ်ဒီမို ဦးသိန်းစိန် အစိုးရ ၊ လူထုထောက်ခံတဲ့ ပါတီအစိုးရ စသဖြင့် နိုင်ငံရေးဘယ်လောက်ပြောင်းပြောင်း ခေါင်းဆောင် ဘယ်လိုပြောင်းပြောင်း၊ သံယောဇဉ်ကြီးစွာဖြင့် တောင်ဒဂုံစက်မှူဇုန် မှ သည် သီလဝါ အထူးစီးပွားရေးဇုန်၊ SKD မှသည် CKD ဖော်ဆောင်ချိန်မှ စလို့ အစိုးရ ဝန်ကြီးပေါင်းများစွာဖြင့် အဆင်ပြေအောင်နေရင်း မြန်မာပြည်သူတွေကို သူတို့ရဲ့ ထုတ်ကုန်တွေ မိတ်ဆက် နှစ်သက်လာ အောင်​ကြိုးစားရင်း အသုံးပြုစေတာကို တွေ့ရမှာပါ။

SKD မှသည် CKD အထိ ဒေါ်လာသန်းရာနဲ့ချီ ရင်းနှင်းမြုပ်နှံစေတာကလဲ မြန်မာပြည်မှာ နိုင်ငံရေး လောကဓံ မူဝါဒအပြောင်းအလဲ လောကဓံ အချိန်မရွေး ဒီမိုအစိုးကနေ စစ်အစိုးရ ဖြစ်သွားနိုင်တဲ့ အခြေအနေရှိနေသော တိုင်းပြည်ဆိုတာ ကို သိသိရက်နဲ့ သံယောဇဉ် ကြီးစွာ ရပ်တည်နေတာပါ။ ဒါပေမဲ့ လှုပ်လေ မြုပ်လေ စကစ ရဲ့ ဒေါ်လာငွေ ထိန်းချုပ်မှု ကန့်သတ်တာ ပယ်ဖျက်ခံရပြီးနောက် ဆူဇူကီး Myanmar Head Office က ဘယ်လို response ဖြစ်လာနိုင်ပါသလဲ။

စက်ရုံကိုအပြီးပိတ်တာတွေ (ဆောက်လုပ်ရေးလောကမှာဆိုရင် BYMA ကုမ္ပဏီ ကြီး ထွက်သွားတာမျိုး) အချိန်အကန့်အသတ်အတိုင်းအတာ တခုထိ ရပ်ဆိုင်းပြီး ဆူဇူကီး Myanmar Head ပိုင်းက လူကြီးတွေ ပြန်သွားတာတွေ၊ Dealer တချို့နဲ့ ပဲ အဆင်ပြေသလို Service ပေးဖို့….Spare Parts တွေကို စျေးကြီးပေးပြီး အိမ်နီးချင်း ထိုင်း….အိန္ဒိယ ကနေ သွင်းပြီး ဆက်လက်( Run) ဖို့တွေ ဖြစ်လာနိုင်ပါတယ်။

(Dark Side)အကြောင်းစပြောရရင် FDI ဖြစ်တဲ့ ဆူဇူကီး ကုမ္ပဏီ ကြီးရဲ့ Genuine Parts တွေ ထောက်ပံ့ပို့မှုမရှိတဲ့ ကားသစ်တွေဟာ ဂျပန်ကနေ လေလံဆွဲပြီး ပြည်တွင်းအရောက် အခွန်ပေါင်းများစွာဆောင်ပြီးမှ ဝယ်သူလက်ထဲရောက်… ပျက်ရင်လဲ အဆင်ပြေသလို ဝပ်ရှော့ဆိုင်တွေမှာ ဂျပန်ကျ…ပီနန်ကျတွေ ထည့်ပြီး လက်ပူတိုက်နေရတဲ ကားအခြေအနေမျိုးနဲ့ တူနေပြီဆိုတာ စေ့စေ့တွေး ရေးရေးပေါ်ပါ။

Engine ၊ Gear Box စက်ရုံ ဝရန်တီ ၃နှစ်ပေးထားတဲ့ ကားတွေလဲ Denied Access to network link လိုပါပဲ။ Head Of Company (ဆူဇူကီး) ထွက်သွားပြီးနောက် ဗိုက်တလုံးနဲ့ ကျန်ခဲ့ တဲ့ စိန်ကြည်လို SKD ကားအများစုဟာလဲ အဖမဲ့သားပမာ Dealer ကြီးတချို့ရဲ့ ပေါများလှပါတယ်ဆိုတဲ့ Spare Parts ဂိုဒေါင် စက်ရုံသတ်မှတ်စျေးထက် တက်ပြီး ရောင်းနေတဲ့ သူတို့ရဲ့စျေးတွေကို ကြိုက်ကြိုက်မကြိုက်ကြိုက် ဝယ်ယူအသုံးပြုရတော့မှာပါ။

Spare Parts ရှားပါး၊ စျေးကြီးတဲ့ ဒဏ်ကို ခံရရင်း သိပ်ကြိုက် သိပ်ကောင်းလှပါချည်ရဲ့ဆိုတဲ့ SKD Brand တချို့ ဟာ (ဆူဇူကီး အပါအဝင်) ကားသစ်စီးချင်တဲ့ ကီလိုနည်း စီးချင်တဲ့ သူရဲ့ နှုတ်သီးကို ဖြတ်-ိုက်လိုက်သလိုဖြစ်နေမှာပါပဲ။

“ကျွန်တော် ထင်ပြီးသား လက်ရှိအစိုးရ ဒေါ်လာကို နည်းမျိုးစုံနဲ့ ထိန်းကြည့်မယ်…ထိန်းမရရင် အစိုးရ ဒေါ်လာပေါက်စျေး တခု သတ်မှတ်မယ်… အဲ့တာကိုမှ ထိန်းမရနိုင်ပဲ အပြင်ပေါက်စျေး မတရားတက်လာမယ်ဆို သူတို့ ကင်းလွတ်ခွင့်ပြူထားတဲ့ FDI တွေကို ပြန်ကန့်သတ်မယ်….ကျွန်တော်ပြောဖူးတယ်….ပွဲစားတန်းက အသိတွေ မိတ်ဆွေတွေကို… အခု ဒေါ်လာအပြင် မှောင်ခိုဈေး ၂၂၀၀ ကျော်နေပြီ။ အဲ့တော့ သူတို့ အကြံကုန် ဂဠုန် ဆားချက်ကြပြီ။ ဒေါ်လာမသုံးရမှတော့ FDI တွေ ဘယ်ပိုက်ဆံနဲ့ သွား အလုပ်လုပ်မလဲဗျာ။

အဲ့တော့ ကျွန်တော်က ကားသမားဆိုတော့ ကားနဲ့ပတ်သက်တာပြောမယ်။ SKD သမားတွေ တော်တော်ထိပြီဆိုတာပဲ။ JDM ကားဟောင်းလေးက သူ့ဟာနဲ့သူ သူ့ အပိုပစ္စည်းပေါပေါလေးနဲ့ လည်ပတ်နေတာ…ပြောရရင် SKD ကားတချို့လို အတက်မကြမ်းဘူးဗျ။ သူ့ဟာနဲသူ သွားနေတာ။

အဲ့တော့ ကားသစ်စီးချင်တဲ့ SKD သမားတချို့ Showroom က ပေးတဲ့ Spare Parts တွေ အင်ဂျင်ဝိုင်၊ ဂီယာဝိုင် စသဖြင့် သူတို့စိတ်ကြိုက် ခေါ်တဲ့ စျေးကို ပေးပြီး ထည့်နေ သုံးနေရတော့မှာပါ ကြာတော့ ဘယ်သူက ပေးချင်မှာလဲဗျာ။ ခင်ဗျားပဲ စဉ်းစားကြည့် အပြင်က ကိုယ့်စိတ်ကြိုက် ဝယ်ထည့်ထားတော့လဲ စက်ရုံကပေးတဲ့ ဝရန်တီ ပျက်မယ်ဆိုပြီး လှန့်လုံး လုပ်ခဲ့တာ အရင်ကတည်းက။

အဲ့တော့ လူတွေ အထူးသဖြင့် တကယ်ဝယ်စီးသမားတွေ SKD တွေကို စိတ်ပျက်လာမယ်။ အဝယ်နည်းလာမယ်၊ Supply နဲ့ Demand သဘောအရ အဝယ်နည်းလာတော့ စျေးပါ ပြိုကျလာမယ်။ ချက်ချင်းတော့မကျသေးဘူး။ တဖြေးဖြေးနဲ့ Slow Burning ခေါ်မလား(ရီလျက်)…အဲ့လို တမြေ့မြေ့ပေါ့ဗျာ” ဟု ဝါရင့် ကားအရောင်းအဝယ်သမား ကိုဇွဲထက် (အမည်ပြောင်း) မှ သူ့ရဲ့ အမြင်ကို ပြောကြားသွားပါတယ်။ နိဂုံးချုပ် ဆိုရရင်ဖြင့် SKD အိမ်စီးသမားနဲ့ ဝယ်ရောင်းသမား တွေ ကံကောင်းပါစေလို့ ဆုတောင်းရင်း Lucas Yip 15/July/ 2022

Leave a Reply

Your email address will not be published.

x

You cannot copy content of this page