ရည်းစားနဲ့ ချိန်းတွေ့တာ (၃) ခါတိတိ မိမှ ကျောင်းပြောင်းပေးမယ်လို့ ထုတ်ပြန်လိုက်တဲ့ စကစကျောင်း

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက တောင်ကြီးမြို့၊ အမှတ် (၁) အခြေခံပညာအက်တန်းကျောင်းတွင် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားနေတဲ့ ရုပ်သံဖိုင်တစ်ခု လူမှုကွန်ရက်တွင် ထွက်ပေါ်လာပြီးနောက် ကျောင်းသူ/ ကျောင်းသားများအား အထူးစည်းကမ်းချက်များ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေမှာတော့ ကျောင်းသို့ ဖုန်းယူလာခြင်း၊ ကျောင်းတွင်ခိုက်ရန်ဖြစ်ပွားခြင်း၊ ကျောင်းတွင်း/ ကျောင်းပြင်ပ အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်းများ ကျူးလွန်ပါက စစ်ဆေးမေးမြန်းခြင်းမရှိဘဲ ကျောင်းပြောင်းလက်မှတ် ချက်ခြင်း ထုတ်ပေးမည်ဖြစ်ကြောင်း

ရည်းစားထား ချိန်းတွေ့ခြင်း၊ မဖွယ်မရာ ပြုလုပ်ခြင်း၊ မည်သည့် အကြောင်း အရာမဆို အချိန်းအချက်ပြုလုပ်ခြင်းများ ကျူးလွန်ပါက မိဘနှင့်အတူ ၃ ကြိမ်ခေါ်ယူသတိပေးပြီး ကျောင်းပြောင်း လက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်း ကျောင်းသား/သူများနှင့် မိဘအုပ်ထိန်းသူများကို ခေါ်ယူလက်မှတ်ရေးထိုး ခိုင်းခြင်းဖြစ်တယ်လို့ သိရပါတယ်။

တောင်ကြီး အထက (၁) ကျောင်းတွင် ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က Grade 10 ကျောင်းသား ၃ နှင့် Grade 9 ကျောင်းသားတစ်ဦးတို့ အွန်လိုင်းဂိမ်းကစားရင်း ဆဲဆိုရာမှ စကားများရန်ဖြစ်ပြီး ကျောင်းသန့်စင်ခန်းအတွင်း ထိုးကြိုက် ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

စကစ လက်ထက်မှာ ကျောင်းစာသင်ခန်းများအတွင်း လက်ကိုင်ဖုန်းများ စိတ်ကြိုက်ယူဆောင်ခွင့် ရတာကြောင့် ကျောင်းသားအချင်းချင်း ခိုက်ရန် ဖြစ်ပွားမှုများ၊ ကျောင်းသူနှင့် ဆရာမများရဲ့ တစ်တော့ အကဗီဒီယိုဖိုင်များ အများအပြား ပျံ့နှံ့လာလျက် ရှိပါတယ်။ ဆရာမတွေ အနေနဲ့ ကျောင်းအဖြူအစိမ်း ဝတ်စုံနဲ့ အမြင်မတော်ဖွယ် လှုပ်ယမ်းကနေကြတာကို ကျောင်းသားမိဘအများစုက စိတ်ပျက်နေကြတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page