ခြေထောက်သံစူးနေပေမယ့် နေအရမ်းပူနေတဲ့ မီးပွိုင့်မှာ ရေသန့်ဘူးလိုက်ရောင်းနေရတဲ့ အဖွား
ခြေထောက် သံစူးနေပေမဲ့…ဒါရောင်းမှ မြေးဖွား ၂ယောက် ထမင်းစားရမှာ
မီးပွိုင့် မိနေတုန်း…ရေသန့်ဗူးလေး (၁)ဗူး ကိုင်ပြီ… သားရေ…ရေသန့် ယူအုံးမလား…ဆိုတဲ့ အသံလေး ကားထဲက ကြားမိ အဖွားရေ…လာပါအုံး…
အဖွား ခြေထောက်ထော့နဲ့နဲ့ဖြင့် လျှောက်လာတယ်… သားရေ အဖွား ထိုင်မယ်နော်၊ ဗျာ ဟုတ် ထိုင်ပါဗျ…ရေသန့် ဘယ်လိုရောင်းလဲ အဖွား။ တဗူး (၄၀၀)ကျပ်ပါ သား…ဆေးလိပ်လဲ ပါတယ်သား
ဟုတ် အဖွား ဆေးလိပ်တော့ မသောက်လို့…ရေသန့်တော့ ယူမယ် အဖွား…တဗူးပဲ ရှိတာလား။ ဟုတ်တယ် သား ဒီ တဗူးပဲ ကျန်တာ…ခုထိ ရောင်းမထွက်သေးဘူး။
အဖွားက ခြေထောက်နာနေတာလား ဗျ။ ဟုတ်တယ် သား…ခြေထောက် သံစူးထားတာ…ဆေးခန်း တခါပြရင်လဲ မနည်းကုန်လို့ သားရယ်။ ဒါလေး ရောင်းမှ…အဖွားတို့ မြေးဖွား (၂)ယောက် ထမင်းစားရမှာမလို့ ထွက်ရောင်းနေရတာပါ။
ဪ…ဟုတ် ဒါဆို အဲ့ (၁)ဗူး သား ယူမယ်လေ အဖွား။ ကျေးဇူးတင်လိုက်တာ သားရယ်…အဖွား အိမ်ပြန်ချင်နေတာ၊ အရင်ကဆို မြေးလေးရောင်းတာ…နိုင်ငံရေးခြေနေကြောင့် ကြောက်ပြီ မရောင်းရဲတော့လို့ အဖွား ရောင်းတာ သား
ဟုတ် အဖွား…ရော့ ၄၀၀၀၀ ကျပ်။ ဟမ်…သား (၄၀၀)ပဲလေ သား။ ဟုတ်တယ် အဖွား…ပိုတာ အဖွား ဆေးခန်းပြပြီ…မြေးလေးနှင့်အတူ ခုည အရသာရှိတာတွေ ဝယ်စားကြပါနော်။
ကျေးဇူးတင်လိုက်တာ သားရယ်…အဖွား ရင်ထဲက ပြောမပြတတ်အောင် ဝမ်းသာတယ် (ဆုတွေလဲ အများကြီးပေးရှာတယ်)
ဟုတ် အဖွား အိမ်ပြန်နားတော့နော်… အဖွား ဘေးက တက်စီ ဆရာကြီးတွေကို သူ ဒီနေ့ ပိုက်ဆံတွေ အများကြီးရတာ လိုက်ကြွားနေတာ ချစ်စရာလေး။
(ကျနော်တို့နှင့်အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖွားကိုယ်စား ကျေးဇူးတင်ပါတယ်ဗျ) ဪ…အဖွား ပျော်ပြီ လိုက်ကြွား နေတာလေး ချစ်လိုက်တာ
ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက
ကိုပူတူးနှင့်ဘော်ဒါများ