မုန့်ဟင်းခါး ချက်တတ်သူတိုင်း မသိသေးတဲ့ မြောင်းမြမုန့်ဟင်းခါးချက်နည်း လျှို့ဝှက်ချက်

မြောင်းမြ မုန့်ဟင်းခါးချက်နည်းတွင် လျှို့ဝှက်ချက် ရှိနေတယ်။ အများအားဖြင့် သိသူနည်းနေပါတယ်။ နာမည်ကြီးတဲ့ဆိုင်က ချက်နည်းနော်။ ငါးရံ၊ ငါးခူ၊ ငါးကြင်းဖြူများနှင့် ချက်လျှင် ပိုကောင်းပါတယ်။

အချိုးအစားက နှစ်သက်သလိုထည့်ပါ။ ငါးပြုတ်ရန် ရေနွေးတည်ထားပါ။ စပါးလင်၊ ဂျင်း၊ ကြက်သွန်ဖြူနှင့်ဆူပွက်လာရင် ငါး၊ ငံပြာရည် ထည့်ကာ ဆီနည်းနည်း၊ နနွင်းမှုန့် အနည်းငယ်ဖြင့် ငါးများနူးလာသည်အထိပြုတ်ပေးပါ။

ရေဆူပြီးမှ ငါးထည့်သည့်အတွက် ငါးညှီနံမရှိတော့ပါ။ ဟင်းရည်ချက်ရန် ငါးအသားနွှာပါ။ ကြေမသွားစေရပါ။ ငါးအသားမြှောင်းလေးတွေ လှလှလေးဖြစ်နေပါစေ။ ဂျင်းကြက်သွန်ဖြူ ထောင်းကာ ဆီသတ်ပြီးလျှင် ငါးပြုတ်ရေအိုးထဲသို့ ထည့်ကာ ဆူပွက်သည့်အချိန်တွင် နွှာထားသောငါးပြုတ်ထည့်ပါ။

ငါးပြုတ်ကို ဆီမသတ်ရ၊ ဟင်းရည် ဆူပွက်၍ အနံမွှေးလာရင် ဆန်လှော်မှုန့်၊ ပဲမှုန့် အကျက် ရေဖျော်ပြီး ဖြည်းဖြည်း လောင်းထည့်ပါ။ ဟင်းရည် ဆူချိန်ရောက်မှ အပေါ့အငန်အတွက် ငံပြာရည်ထည့်ပါ။

ဆူပွက်ချိန် မရောက်ခင်ထည့်ရင် ငံပြာရည် အနံ့ထွက်တတ်သည်။ ကြက်သွန်နီထည့် ငရုတ်ကောင်း ထည့်ပြီးလျှင် အနံအရသာဖြင့် ပြည့်စုံသော မုန့်ဟင်းခါး ဟင်းရည် ရပါပြီ။ အကြော်နှစ်သက်သလို ထည့်စားပါ။ (nan nan granary)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page