တရုတ်နဲ့ အိန္ဒိယက ဝင်လာတဲ့ ကြက်သွန်နီတွေကြောင့် မြန်မာ့ကြက်သွန်နီဈေးကွက် ပျက်စီး
ပြည်တွင်း ဈေးကွက်အတွင်း ကြက်သွန်နီ အသစ်ပေါ်ချိန်မှ ပြည်ပက ကြက်သွန်နီတွေ ဝင်ရောက်နေတာကြောင့် ရောင်းကွက်မှာ ဈေးမရ ဖြစ်နေရတယ်လို့ ကြက်သွန်စိုက်တောင်သူတွေက ပြောပါတယ်။
သြဂုတ်လဆန်းပိုင်းမှစတင်ကာ ပြည်တွင်းကြက်သွန်နီစျေး တပိဿာ ၅၀၀၀ နီးပါးအထိ မြင့်တက်ခဲ့ပြီးတဲ့နောက် တရုတ်နဲ့ အိန္ဒိယကထွက်တဲ့ကြက်သွန်တွေ နယ်စပ်ကတဆင့် ဝင်ရောက်လာတာကြောင့် စျေးအနည်းငယ်ကျဆင်းလာပြီး လက်ရှိစျေးကွက်ထဲ ကြက်သွန်တပိဿာ ၃၅၀၀ ကျပ်ဝန်းကျင်ပဲ ရှိနေတာ ဖြစ်ပါတယ်။
နောက် မိုးများတဲ့အတွက် စိုက်ပျိုးဖို့အခက်ခဲတွေအပြင် မြေဆီစျေးတွေမြင့်တက်နေတာ၊ စက်သုံးဆီစျေးနှုန်းတွေ မြင့်တက်နေတာကြောင့်လည်း စိုက်ပျိုးရေးလုပ်ရာမှာ ပိုပြီးတော့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။ လက်ရှိမှာ စိုက်ပျိုးရေးအဓိက လုပ်ဆောင်လျက်ရှိတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေး မုံရွာတို့မှာ တိုက်ပွဲတွေဖြစ်နေတာပါ။
တိုက်ပွဲတွေကြောင့် လမ်းတွေပိတ်ထားပြီး ကုန်စီးဆင်းမှုတွေ ရပ်တန့်နေတာကြောင့် တောင်သူတွေဆီ လယ်ယာသုံးသွင်းအားစုတွေ အချိန်မီ မရောက်နိုင်ဘဲ လုပ်ငန်းခွင်အခက်ခဲတွေ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ယခုရက်ပိုင်းအတွင်း ဓါတ်မြေသြဇာ တစ်အိတ်ကိုငွေကျပ် ၁၃၅၀၀၀ အထိ မြင့်တက်သွား တယ်လို့ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်များနဲ့ လယ်သမားများတွေ ဆီကနေသိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလထဲမှာ မြေဩဇာတွေထဲက အမြင့်ဆုံးဖြစ်တဲ့ ၁၅ ပတ်လည် ဓါတ်မြေဩဇာ တစ်အိတ်ကို ငွေကျပ် ၉၇၀၀၀ သာ ရှိပေမယ့် အောက်တိုဘာလမှာ အဲ့ဒီ မြေဩဇာတစ်အိတ်ကို ငွေကျပ် ၁၃၅၀၀၀ အထိဈေးမြင့်တက်သွားတယ် လို့သိရပါတယ်။
မြင်းပျံ ပုလဲ ဓာတ်မြေဩဇာက ၁၂၅၀၀၀ ကျပ် ဖြစ်သွားတယ်လို့သိရပြီး ဓာတ်မြေဩဇာတွေကိုတော့ ထိုင်းနိုင်ငံ နဲ့တရုတ်ကနေ အဓိကတင်သွင်းတာဖြစ်ပြီး လက်ရှိမှာ ထိုင်းဘတ်ငွေဈေးနဲ့ တရုတ်ယွမ်ငွေဈေးတက် တာတွေကြောင့်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် စိုက်ပျိုးရေးသုံး သွင်းအားစုတွေ ဈေးမြင့်တက်လာ တာဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ်က ပုလဲမြေဩဇာ တစ်အိတ်ကို ၂၃၀၀၀ ကျပ်နဲ့ ၂၄၀၀၀ ကျပ်သာရှိပြီး ၊ ၂၀၂၁ ခုနှစ်မှာ ၆ သောင်းကျပ်အထိ မြင့်တက်ခဲ့ ကာ အခု ၂၀၂၂ ခုနှစ်မှာတော့ ကျပ် ၁ သိန်း ၄ သောင်းနီးပါးအထိ အဆမတန် မြင့် တက်လာတာဖြစ်ဖြစ်ပြီး စပါးကို မြန်မာနိုင်ငံမှာ အဓိကစိုက်ပျိုးတဲ့ ဧရာဝတီတိုင်း ကတောင်သူတွေ အခက်အခဲဖြစ်ပေါ်နေတယ် လို့သိရပါတယ်။
ဓာတ်မြေဩဇာ အဆမတန်ဈေးနှုန်းမြင့်တက်မှုကြောင့် စိုက်ပျိုးစရိတ်တောင် မကြေတဲ့ ကြက်သွန်တောင်သူတွေအနေနဲ့ တရုတ်နဲ့ အိနိ္ဒယက ဝင်လာတဲ့ ကြက်သွန်နီတွေကြောင့် အရင်းပင်မရဘဲ ဈေးကွက် ပျက်မယ့် အခြေအနေနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။