နေ့စဉ်ကိုင်တွယ် အသုံးပြုနေတဲ့ ပိုက်ဆံတွေကို ရေနွေးနဲ့ စိမ်လိုက်တဲ့အခါမှာတော့… (ဂရုစိုက်ကြပါ)
မြန်မာပြည်က ငွေစက္ကူများ။ အိတ်ကပ်ထဲကအန္တရာယ်ကောင်။ သူတို့ဆီကနေလည်း ကိုဗစ်က ကူးမယ် ဆိုတာ မယုံစရာ မရှိပါဘူး။ ပိုက်ဆံပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်က ၉ ရက်လောက် နေနိုင်တယ်လို့ သိရပါတယ်။
အခုပိုက်ဆံတွေဆိုရင် သိပ်ပြီး ညစ်နွမ်းနေတာတွေ မပါသေးပါဘူး။ ဒါတောင်ရေနွေးနဲ့စိမ်လိုက်တာမှာ အဲဒီလောက်ညစ်နေပါတယ်။ ငွေကိုလက်နဲ့မကိုင်ပါနဲ့။
ပြန်အမ်းငွေမကိုင်ရအောင် ကိုယ်ပေးတဲ့ပိုက်ဆံနဲ့ အစွန်းထွက်မလို အပြတ်ဝယ်တာပိုကောင်းပါတယ်။
ကိုယ်ဝယ်တာ ၂၇၀၀ ဖိုးဆိုရင် ၃၀၀၀ ဖိုးအပြည့် တခုခု ဝယ်လိုက်တာမျိုးပေါ့။ တတ်နိုင်တဲ့သူတွေကတော့ ကတ်တွေနဲ့ ဝယ်တာ အကောင်းဆုံးပါ။ ခုလောလောဆယ် အိမ်ထဲတင်မက အိပ်ကပ်ထဲပါ ဝင်နေတဲ့ အန္တရာယ်ကောင်ပါ။
ပိုက်ဆံတွေ ကိုင်ပြီးတိုင်း အနည်းဆုံးတော့ လက်သန့်ဆေးရည်နဲ့ ဆေးကြောကြပါလို့ အကြံပေး တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။