ရွှေဘိုပေါ်ဆန်းတအိတ် ၉၀၀၀၀ ထိမြင့်တက်၊ ဆန်ဆိုင်တွေ အရောင်းပိတ်ထား (ဘာဆက်ဖြစ်မှာလဲ)

ဆန်စျေးကွက်ထဲ ရွှေဘိုပေါ်ဆန်းဆန် ရှားပါးလာမှုနဲ့အတူ လက်လီစျေးကွက်မှာဆိုရင် ၂၄ ပြည်ပါ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ကို ကျပ် ၉၀၀၀၀ (ကိုးသောင်း) လောက်ထိ စျေးတက်လာတယ်လို့ ဆန်ဆိုင်တွေဆီကနေ သိရပါတယ်။

ရွှေဘိုပေါ်ဆန်းစျေးတွေက ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က ကျပ် ၆သောင်းခွဲကနေ ၇ သောင်းဝန်းကျင်မှာရှိခဲ့ပေမယ့် ဇူလိုင်လအတွင်း ဆန်စျေးတွေ တရိပ်ရိပ်တက်လာခဲ့ကာ ဇူလိုင်နောက်ဆုံးအပတ်မှာတော့ ရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၈၀၀၀၀ ကနေ ၉၀၀၀၀ အထိ ရှိလာခဲ့တယ်လို့ သိရပါတယ်။

ရွှေဘိုပေါ်ဆန်းစျေးတက်တာဟာ ရွှေဘိုဒေသတွင်းမတည်ငြိမ်မှုတွေကြောင့် တောင်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် စပါးစိုက်ဧကတွေနည်းလာတာ၊ ဒေါ်လာစျေးနဲ့ စက်သုံးဆီစျေးကြီးမြင့်တာ၊ ဓာတ်မြေသြဇာနဲ့ သွင်းအားစုစရိတ်ကြီးမြင့်လာတွေကြောင့် စျေးတက်ခဲ့တယ်လို့ သိရပါတယ်။

အခြားဒေသထွက်ဆန်တွေကလည်း ရွှေဘိုပေါ်ဆန်းနည်းတူ စျေးတွေတက်လာခဲ့ပြီး အခုရက်ပိုင်း ဧရာဝတီရွှေဘိုပေါ်ဆန်းတစ်အိတ်ကို ကျပ် ၆၉၀၀၀၊ ပုသိမ်ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၆၇၀၀၀၊ ဖျာပုံပေါ်ဆန်းတစ်အိတ်ကို ကျပ် ၆၃၀၀၀ နဲ့ မြောင်းမြပေါ်ဆန်းတစ်အိတ်ကို ကျပ် ၆၅၀၀၀ မှာရှိနေပြီး ဆင်းသုခရှယ် တစ်အိတ်ကို ၄၆၀၀၀၊ ဇီယာတစ်အိတ်ကို ၄၃၀၀၀ နဲ့ ရက်၉၀ မြောင်းမြ တစ်အိတ်ကို ကျပ် ၄၈၀၀၀ မှာရှိနေတယ်လို့ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ဆိုင်ကနေ သိရပါတယ်။

ဆန်စျေးကွက်ထဲမှာ ဆန်ချောသာမကဘဲ ဧည့်မထ၊ ဇီယာ စတဲ့ဆန်ကြမ်းတွေကလည်း တစ်အိတ်ကို အနည်းဆုံး ကျပ် ငါးထောင်လောက်တက်နေပြီး ပျမ်းမျှတစ်အိတ်ကို ကျပ်သုံးသောင်းခွဲနဲ့လေးသောင်းကျော်မှာရှိနေပါတယ်။ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက ထုတ်ပြန်တဲ့စျေးနှုန်းတွေအရဆိုရင်လည်း ပြီးခဲ့တဲ့ ဇွန်လကုန်အထိ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကို ကျပ် ၆၆၀၀၀ မှာရှိခဲ့ပေမယ့် ဇူလိုင် ၂၉ ရက်မှာတော့ ကျပ် ၈၀၀၀၀ အထိ ပေါက်စျေးရှိတဲ့အတွက် တစ်လအတွင်း ကျပ် တစ်သောင်းခွဲနီးပါး စျေးတက်လာခဲ့ပါတယ်။

လက်ရှိ ပြည်တွင်းဆန်စျေးမြင့်တက်နေတဲ့အတွက် ဆန်စျေးကျဖို့ ကုန်သည်တွေနဲ့ညှိနှိုင်းပြီး ဖြစ်သင့်တဲ့စျေးနှုန်းနဲ့ ရောင်းချအောင် လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောဆိုထားပါတယ်။ အခုလို ဆန်စျေးတွေ မြင့်တက်လာလို့ ထမင်းကို အဓိက အားထား စားသုံးကြတဲ့ မြန်မာပြည်သူလူထုမှာလည်း မီးဖိုချောင်အသုံးစရိတ် ပိုမို မြင့်တက်လာနေပြီး ဆန်ကို ချွေတာစားသုံးရတာတွေ ရှိလာနေပါတယ်။ ဆန်ဆိုင်တွေ အများစုကလည်း နာရီအလိုက်တက်နေတဲ့ ဈေးတွေကြောင့် အရောင်းပိတ်ထားရတယ်လို့ သိရပါတယ်။

ဇူလိုင်နှောင်းပိုင်းနဲ့ သြဂုတ်လတွေဟာ စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်ဘက်မှာ စပါးစစိုက်တဲ့ ရာသီဖြစ်ပေမယ့် နယ်မြေမအေးချမ်းတာကြောင့် ၇၀ ရာခိုင်နှုန်းလောက် မစိုက်ပျိုးနိုင်တဲ့အကြောင်း စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။ အခြေအနေ အဆင်ပြေတဲ့ နေရာတချို့ပဲ စိုက်နိုင်ပြီး ဆိပ်ခွန်လိုကျယ်ပြန့်တဲ့နေရာတွေ စိုက်နိုင်မယ့် အခြေအနေ မရှိလောက်ဘူးလို့ ပြောပါတယ်။

ဒီလို စပါးအထွက်လျော့ကျတာ၊ ဆန်ချောအဆင့်ရောက်တဲ့အထိ ထုတ်လုပ်မှုလုပ်ငန်းတွ မလုပ်နိုင်တာတွေကြောင့် တောင်သူတွေဆီမှာ ဆန်လက်ကျန် နည်းလာပြီး ကုန်သည်တချို့က ဆန်ကို သိုလှောင်ရောင်းချဖို့ စီစဥ်တာတွေရှိလာတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ နွေစပါးနဲ့ မိုးစပါးကနေ စပါးတန်ချိန် (၂၇) သန်းကျော် ထွက်ရှိပြီး ပြည်ပကို နှစ်စဉ် ဆန်နဲ့ ဆန်ကွဲတန်ချိန် နှစ်သန်းကျော် ကနေ သုံးသန်းကျော်အထိ တင်ပို့နေတယ်လို့လည်းသိရပါတယ်။

မြန်မာ့စီးပွားရေး ပြိုလဲမှုကြောင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်း အဆမတန် မြင့်လာတာကြောင့် ပြည်သူများအနေနဲ့ ကျပ်တည်းလာနေပြီ ဖြစ်ပါတယ်။ တချိန်က မြန်မာပြည်မှာ ထမင်းငတ်တဲ့သူ မရှိဘူးလို့ ကြွေးကြော်ခဲ့ပေမယ့်လည်း လက်ရှိအခြေအနေမှာတော့ ထမင်းငတ်တဲ့သူတွေ တစတစ များပြားလာတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရှိခဲ့ပါတယ်။ ဒီလို ကျပ်တည်းလွန်းတဲ့ အခြေအနေမျိုးက ဘယ်အချိန်ထိ ဆက်သွားနေမလဲ ဆိုတာကတော့

Leave a Reply

Your email address will not be published.

x

You cannot copy content of this page