မာယာများတဲ့ ကားလေလံရဲ့ မြန်မာ့ကားလောကအပေါ် သက်ရောက်နိုင်မှု အခြေအနေ
ကိုယ်တွေကတော့ နေဝင်းခေတ်မွေးပြီး ခေတ် ၃ ခေတ်မှာကြီးတဲ့သူ။ ကားဈေးကျလေ ကြိုက်လေပါဘဲ။ ဝယ်စီးရောင်းပွဲစားအားလုံး အလုပ်ဖြစ်တယ်လေ။
လေလံ ဆိုတာ နီးစပ်ရာလူဘဲရတာ။ ခုဆိုပိုဆိုး။ မှတ်မှတ်ရရ ၂ခ/၄၁၉၃ CE96 91 model (Lot No.53) လေလံအောင်တဲ့သူဆီက ဝယ်ဖူးတယ်။ သူက ၁၃သိန်း ၈သောင်းနဲ့ လေလံအောင်လာတာ။ ကျနော်က ၁၈ သိန်း ၉ သောင်းနဲ့ သူ့ဆီက ပြန်ဝယ်တာ။
သူဘယ်လို လေလံအောင်သလဲဆိုတော့ ဘယ်သူနဲ့ပတ်သက်တဲ့သူက ဘယ်နှစ်စီး ဘယ်သူနဲ့ ပတ်သက်တဲ့ သူက ဘယ်နှစ်စီး ရမယ်ဆိုတာ Understood ဘဲ။ သူလည်း အဲဒီအုပ်စုဝင်တွေထဲကဘဲ ရလာတာ။
ဈေးချောင်မယ်တော့မထင်နဲ့။ အခုအပြင်အော်နေတဲ့ ဈေးနီးနီးနဲ့ဘဲ လာမှာ(ကားကောင်းရင်ပေါ့) အစွန်အဖျားပတ်သက်တဲ့သူတွေကတေ ာ့ဂျိုကျိုးနားရွက်ပဲ့ အော်ဆွေးတိုက်ဆွေးလေးတွေ ရမှာပေါ့။ အခု အစီး ၆၀၀၀ (တချို့ပြောတော့လည်းအစီး ၆၀၀) လေလံပစ်မှာဆိုတော့ အခုမဟားဒယားတက်နေတဲ့ ကားဈေးတွေကို ဘယ်လောက် Impacts ရှိမလဲဆိုတာ ကိုယ်ဟာကို ညဏ်နဲ့ ယှဉ်ပြီးသာ စဉ်းစားကြပါ။
ကျနော့်တစ်ဦးထဲအမြင်ကတော့ ဆင်ပါးစပ်နှမ်းပက်သလိုပါဘဲ။ ကားဈေးကတော့ အချိန်အတိုင်းအတာတစ်ခုထိတက်နေမှာပါ။ ကျနော်အမြဲပြောပါတယ်။ လိုအပ်ရင်ဝယ်ပါ။ မလိုအပ်ရင်မဝယ်ပါနဲ့။
Showroom နဲ့ တပိုင်တနိူင် ဝယ်ရောင်းလုပ်တဲ့သူတွေကို မပြောလိုပေမယ့် ကိုယ့်ရှိတာလေးကို မြတ်မယ်ဟဲ့ဆိုပီး ကားဝယ်မရင်းနှီးပါနဲ့။ အခုအခြေအနေက ဘာဖြစ်မယ်မှန်း ဘယ်သူမှ တတ်အပ်မပြောနိူင်ပါ။
အတက်ကြမ်းပြီး မြတ်သွားရင် ပြသနာမရှိပေမယ့် အကျကြမ်းခဲ့ရင်ဆိုတာကိုလည်း ရှိတဲ့ပိုက်ဆံလေးနဲ့ မြတ်မယ်ဆိုပီး ကားဝယ်ရင်းတဲ့ သူတွေကို သေချာစဉ်းစားစေချင်ပါတယ်။ မိသားစုအတွက် လိုအပ်ရင်ဝယ်ပါ။ ဘယ်ဈေးဖြစ်ဖြစ်။ စေတနာဖြင့်သာ။ (U Thiha Kyaw Thu)