အသပြာပေးရင် ဘွဲ့ရတဲ့ ဂျင်းတက္ကသိုလ်ကြီးနဲ့ ဒေါက်တာပါမှ လေးစားတဲ့ ရွှေမြန်မာတို့ရဲ့ အဖြစ်

ဘာလို့ ဒေါက်တာဘွဲ့ အတုလဲ။ အလှူရငွေ တိုးချင်လို့ ဖြစ်မှာပေါ့။ အလှူငွေ တိုးသလား။ တိုးလို့ ဖြစ်မှာပေါ့။ ကျင့်ဝတ်လား။ လုပ်အပ်, မလုပ်အပ် ဆင်ခြင်ဉာဏ်လား။ ဈေးကွက်လိုအပ်ချက်အရ ဟိုဟာရှိရင် ဒီဟာတွေ မလိုအပ်ဘူးလေ။ လူတွေရဲ့ တုန့်ပြန်မှုလား။ လိမ်တာကို ယုံရင်တောင်မှ “သဒ္ဓါတရားပဲ၊​ မြတ်တယ်”လို့ ထင်နေကြတာလေ။ (Uvi Mala)

ကြော်ငြာရဲတယ်ဆိုတာ အတော်လေးသတ္တိကောင်းတယ် ဘာအရည်အချင်းမှမရှိပဲ ခန်းမကိုနာရီပိုင်းအငှားချ ဗီနိုင်းလေး နောက်ကချိတ် နာရီပိုင်းအချိန်ပိုင်းလူငှားပြီး ပေးတဲ့ဘွဲ့အတုကို ဂုဏ်မက်သူ ရွှေမြန်မာတို့က ဒေါ်လာထောင်ချီပေးပြီးဝယ် အရှက်မရှိတဲ့ ဘွဲ့ဝတ်စုံအတုဝတ်ပြီး ဆင်းရဲတဲ့ ကိုယ့်ပြည်သူတွေကို နည်းမျိုးစုံအလှူခံပြီး သာယာနေတဲ့ သူတွေအတွက် ရှက်မိပါရဲ့၊

ဒီလိုငွေပေးပြီးဝယ်တဲ့ဘွဲ့ ဒေါက်တာအတုတွေ ကိုယ့်နိုင်ငံမှာ ရာဂဏန်း အကြီးစားတွေအထိနေရာယူထားကြပြီ၊ ဒီအဖွဲ့ထံက ဒေါ်လာပေးဝယ်ပြီး ဂုဏ်ပြလုပ်စား ဂုဏ်နဲ့လူ အထင်ကြီးအောင် တရားပလ္လင်ပေါ်တက်ငွေရှာနေသူတွေ ဒေါက်တာဘွဲ့ပါရင် အထင်ကြီးသူတွေ ဒေါက်တာဘွဲ့ပါရင် အံ့ဩနေသူတွေ ကိုယ်ကိုးကွယ်တဲ့ဆရာတော်သည် ကျောင်းတကယ်တက်ခဲ့လို့ ရတဲ့ ဒေါက်တာလား? နာရီပိုင်းနဲ့ဒေါ်လာပေးပြီးရတဲ့ဒေါက်တာလား? မရှက်ကြနဲ့မေးကြည့်စမ်းပါ။

သက်ဆိုင်ရာ ဌာန တစ်ခုမှ သေချာစီစစ်ပေးလိုက်ရင် သေချာအရေးယူ ပေးလိုက်ရင်တော့ ဘွဲ့အတုပြဿနာဇာတ်လမ်း ပိတ်သိမ်းသွားနိုင်တယ်။ (Uhladaw Hladaw Sayardaw) အသပြာပေးရတဲ့ ဒေါက်တာ အတု ကြော်ငြာကို ဆက်လက် ဖော်ပြလိုက်ပါတယ်-

ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့အတွက် ဆက်သွယ်နိုင်ပါသည်။ အိန္ဒိယနိုင်ငံ ကိုးလ်ကတ္တားမြို့တွင် တက္ကသိုလ်အသီးသီးမှ ပါမောက္ခဆရာ/မများ နှစ်စဥ်ဦးစီးကျင်းပပေးလျှက်ရှိသော ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ပေးအပ်ပွဲကို ယခုနှစ်မှာလည်း ဆက်လက် ကျင်းပပေးအပ်မှာ ဖြစ်ပါသည်။

ဗီယက်နာမ်၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ တရုပ်စသော နိုင်ငံအသီး သီးမှ ပရဟိတဆောင်ရွက်သူများ၊ မိဘမဲ့ ဂေဟာစောင့်ရှောက်သူများ၊ ဓမ္မကထိက အကျော်အမော်ဆရာတော်များ(မြန်မာ)၊ ပရိယတ္တိစာချဆရာတော်ကြီးများ (မြန်မာ)၊ လူမှုကူညီရေးအသင်းအဖွဲ့များမှခေါင်းဆောင်များ စသည့် လူပုဂ္ဂိုလ်၊ ရဟန်း၊ သီလရှင်ဆရာကြီး ဆရာလေးများအား ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကို အဆင့်မြင့်ဟော်တယ်ကြီးများတွင် ရိုးရာအကအလှများဖြင့် ခန်းနားထည်ဝါစွာ ပေးအပ်ချီးမြှင့်မှာဖြစ်ပါသည်။

မြန်မာနိုင်ငံအတွက် မြန်မာကိုယ်စား လှယ် များဖြင့် တိုက်ရိုက်သော် လည်းကောင်း၊ မိမိမှတစ်ဆင့်သော်လည်းကောင်း ဆက်သွယ်နိုင်ပါကြောင်း ရိုးသားစွာ အသိပေးအပ်ပါသည် ။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page