အရွက်လေးတွေ ခူးရောင်းပြီး နေမကောင်းတဲ့ ခင်ပွန်းကို စောင့်ရှောက်နေရတဲ့ အဖွား
ကညွတ်နဲ့ ကန်စွန်းရွက်တွေ ခူးပြီး ကျန်းမာရေးမကောင်းတဲ့ ခင်ပွန်းဖြစ်သူကို ရှာဖွေကျွေးမွေးနေတဲ့ အဖွားပါ။
အဖွားက မနက်ဆို ခူးပြီး ညနေရောင်းတာဖြစ်ပြီး တစ်နေ့ ၂၅၀၀ ဖိုးလောက်တော့ ရောင်းရတယ်လို့သိရပါတယ်။
အဖွားရှိတဲ့ နေရာလေးက အရှေ့ဒဂုံမြို့နယ် ၊ အအေးခန်းမှတ်တိုင်အနီး၊ ရွာသာကြီးမှာ ညနေဘက်ဆို လှည့်လည်ရောင်းချပါတယ်။ မိုးစက်က အဖွားကို အလှူရှင်တွေ ကိုယ်စား ၁ သိန်း လှူဒါန်းပေးခဲ့ပါတယ်။
အလုံးစုံ ဈေးတက်နေတဲ့ ယခုလို ကာလမှာ တနေ့လုပ်မှ တနေ့စားရတဲ့ အခြေခံလူတန်းစား သက်ကြီးရွယ်အိုတွေမှာ အရမ်းအခက်အခဲ ဖြစ်နေတာကို တွေ့ရပါတယ်။
အဲဒါကြောင့် သွားရင်းလာရင်းနဲ့ သက်ကြီးရွယ်အိုတွေ ရှာဖွေ စားသောက်နေရတာတွေကို တွေ့ခဲ့ရင် တတ်နိုင်သလောက် ကူညီပေးခဲ့ကြပါဦးလို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ် ခင်ဗျာ။ Photo-MoeSat