ကြာသပတေးနံမြို့က သမိုင်းဝင် စေတီကြီး ပြိုပျက်ခြင်းနဲ့ ထူးခြားတဲ့ နိမိတ် နောက်ကွယ်က ဖြစ်ရပ်

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊နှုံးပို့ကျေးရွာရှိ ရှေးဟောင်းသမိုင်းဝင်ပြည်လုံးချမ်းသာစေတီတော်မြတ်ကြီးသည် ဇူလိုင် ၇ ရက်နေ့လည် ၁ နာရီခန့်က ဧရာဝတီမြစ်ရေတိုက်စား၍ မြစ်အတွငိးသို့ပြိုကျပျက်စီးခဲ့ကြောင်း ပခုက္ကူမြို့အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရပါတယ်။

“စေတီတော်ကြီးက မြစ်ကမ်းဘေးမှာတည်ထားတာ ရှေးဟောင်းစေတီတော်ပါ ဒီရက်အတွင်းမှာ မြစ်ရေတိုးလာတဲ့အတွက် မြစ်ကမ်းပါးကိုတိုက် စားပြီးပြိုကျသွားတာ ရွာသူ၊ရွာသားတွေကတော့ အတော်ကြီးကိုစိတ်မကောင်းကြဘူးပေါ့”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောပါတယ်။

ဧရာဝတီမြစ်ရေသည် ဇွန်လ တတိယပတ်မှစ တင်၍ မြင့်တက်လျက်ရှိခဲ့ခြင်းဖြစ်ပြီး နှုံးပို့ကျေး ရွာဘုန်းတော်ကြီးကျောင်းမှာ မြစ်ကမ်းဘေး၌ တည်ရှိသဖြင့် ဘုန်းတော်ကြီးကျောင်းအား ဘေးလွတ်ရာသို့ ဦးစွာရွှေ့ပြောင်းပေးခဲ့ပြီးနောက် စေ တီတော်ကြီးမှာ မြစ်ရေတိုက်စားမှုကြောင့် မြစ်အ တွင်းသို့ပြိုကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

“ဘုန်းကြီးကျောင်းကို ဘေးလွတ်တဲ့ဆီအရင်ရွှေ့လိုက်ပြီး စေတီတော်ကြီးကို မြစ်ရေတိုက်စားတဲ့အထဲ မပါအောင်လုပ်ဖို့ကြိုးစားနေတုန်း အခုလိုဖြစ်သွားတာပါ လက်တလောကတော့ ကျန်ခဲ့တဲ့အပိုင်းအစတွေကိုရှင်းထားပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောပါတယ်။

ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်း ပါးအနီးရှိ နေအိမ်များကိုလည်း ဘေးလွတ်ရာဖြစ်သည့် ကျေးရွာတောင်ဘက်သို့ အရေးပေါ်ရွှေ့ ပြောင်းပေးရလျက်ရှိကြောင်း သိရပါတယ်။ “မြစ်ရေကအတော်တက်လာတာ ဒီအတိုင်းဆက်တက်နေအုံးမယ်ဆိုရင်တော့ မြစ်ကမ်းနဲ့နည်းနည်းလှမ်းတဲ့ အိမ်တွေကိုတောင်ကြိုပြီး ဘေးလွတ်တဲ့ဆီရွှေ့ပြောင်းပေးရဖို့စီစဉ်ရမှာ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောပါတယ်။

အဆိုပါ ကျေးရွာမှာ လွန်ခဲ့သည့်နှစ်ကတည်းက မြစ်ရေတိုက်စားမှုကြောင့် ရွာပိုင်မြေအချို့ ရေမျောပါ ဆုံးရှုံးခဲ့ပြီး ယခုနှစ်တွင် မြစ်ရေမှာ ကျေးရွာအနီး ရောက်ရှိလာကာ စေတီအချို့နှင့် နေအိမ်များပါ ရွှေ့ပြောင်းခဲ့ရ ခြင်းဖြစ်ပါတယ်။

စေတီမှာ ဇူလိုင် ၇ ရက်က ပြိုကျခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်ကတည်းက မြစ်ရေတိုက်စားမှုကြောင့် မြေဧက ၃၀၀ ကျော် ရေမျောခဲ့ကြောင်း၊ ယခုနှစ်တွင် မြစ်ရေမှာ ရွာအနီးကိုပါ ရောက်ရှိလာသဖြင့် ရွာကိုပါရွှေ့ပြောင်းခဲ့ရ ခြင်းဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ နုံ့ပို့ကျေးရွာမှာ အိမ်ခြေ ၄၃ အိမ်ရှိပြီး လူဦးရေ ၂၅၀ ကျော်ရှိကြောင်း၊ ယခင်က မြေနုကျွန်းများ တွင် စိုက်ပျိုးရေးလုပ်ကိုင်ခြင်း၊ ငါးဖမ်းခြင်း၊ ညောင်ဦးတဖက်ကမ်းရှိ ပြည်ပခရီးသွားဧည့်သည်များကို စျေးရောင်း ချခြင်းများရှိခဲ့သော်လည်း လက်ရှိတွင် မြစ်ရေတိုက်စားမှုကြောင့် စိုက်ပျိုးရေးလုပ်ကိုင်နိုင်ခြင်းမရှိကြောင်း၊ ကိုဗစ် ကပ်ရောဂါကြောင့် ခရီးသွားလာရောက်ခြင်းမရှိသဖြင့် ယင်းဒေသတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရပါတယ်။

ယခု ဖြစ်ရပ်ဟာ သဘာဝ ဘေးအန္တရာယ် ဖြစ်ပေမယ့်လည်း စေတီပြိုခြင်းကြောင့် ထူးခြားတဲ့ အတိတ်နိမိတ် ဖြစ်နိုင်တယ်လို့ ပြည်သူတွေက မှတ်ချက်ပေးနေကြတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page