လယ်ယာမြေလုပ်ပိုင်ခွင့် လက်မှတ် (ပုံစံ-၇) အကြောင်း သိထားသင့်တဲ့ အချက်များ

ခေတ်ကလည်း ၊ ‘‘ အင်တာနက်ခေတ်’’ ဆိုတော့မြန်တယ်လေ။ အိမ်၊ ခြံ၊ မြေထက် လယ်မြေတွေ အရောင်းသွက်တယ် ကြားတော့ ရန်ကုန်ကနေ နယ်ဆင်းပြီး လယ်မြေတွေဝယ်ဖို့စုံစမ်းကြ ပြန်တယ်။

အချို့ကလည်း လယ်မြေတွေဝယ်ထားပြီးမှ၊ ခိုင်ခိုင် မာမာ စာရွတ်စာတမ်းတွေကိုင်ထားချင်လို့ပါဆိုပြီး ‘‘အရောင်းအဝယ် စာချုပ်အပြင် ဘာတွေကိုင်ထားဖို့ လိုပါသလဲ’’ ဆိုပြီး စာရေးသူထံ လာရောက်တွေ့ဆုံ မေးမြန်းတဲ့ သူတွေလဲရှိပြန်တယ်။

“အိမ်ခြံမြေ အမည်ပြောင်းပုံ ၃ မျိုး”

လယ်မြေနဲ့အိမ်ခြံမြေ ဆောင်ရွက်ပုံ မတူဘူးလေ ။

အိမ် ခြံ မြေကတော့ (၁) မြေချ ပါမစ် ဖြစ်ချင်ဖြစ်မယ်၊ (၂) အနှစ် ၆၀ ဂရန် ဖြစ်ချင်ဖြစ်မယ်၊ (၃) ဘိုးဘွားပိုင်မြေ ဖြစ်ချင်ဖြစ်မယ်၊ ဒါကိုတွေ့ရမယ်။

မြေချပါမစ် ဝယ်ပြီး၊ အနှစ်၆၀ ဂရန်လုပ်ပြီး ၊ ကိုယ့်အမည်ပေါက် ဂရန် လုပ်လို့ရတယ်။ အခွန်ဆောင်စရာမလိုဘူး။ ဟော… သူများ အမည်ပေါက် အနှစ်၆၀ ဂရန်ဆိုရင် ၊ အခွန်ဆောင်ပြီးမှ ကိုယ့်အမည်ပေါက် ပြောင်းလို့ရတယ်။ ထို့အတူပဲ…. ဘိုးဘွားပိုင်မြေဝယ်ရင်လည်း အခွန်ဆောင်ပြီးမှ ကိုယ့်အမည်ပေါက် ပြောင်းလို့ရတယ်လေ။

“လယ်ယာမြေ” – လယ်ယာမြေကတော့ဒီလိုမဟုတ်ဘူး။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ကို မြို့နယ်ရုံးမှာပဲ မှတ်ပုံတင် စာချုပ် လို့ရတယ်။ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ရှိသူထံက ဝယ်ရင်း၊ အဲဒီ လယ်ယာမြေရှိတဲ့ ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာန ရုံးမှာ မှတ်ပုံတင် စာချုပ် ရတယ်။

အဲဒီမြို့နယ် အခွန်ဦးစီးဌာန ရုံးကဘဲ တန်ဖိုးဖြတ်ပေးတဲ့အတိုင်း အခွန်ဆောင်ရတယ်။ ပြီးတော့ မှဝယ်သူရဲ့အမည်နဲ့ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) ကိုအဲဒီမြို့ ရဲ့ကြေးတိုင်နဲ မြေစာရင်းရုံးမှာ ယူလုပ် ရတယ်။ မြို့နယ်မြေ တွေမှာတော့ ” မြို့နယ်မြေစာရင်း ဦးစီးမှူးနဲ့ မြို့နယ်စာချုပ်စာတမ်း မှတ်ပုံတင်အရာရှိ တာဝန် နှစ်ခုအတွက် ဦးစီး အရာရှိတစ်ဦးထဲကို လုပ်ပိုင်ခွင့်ပေးထား တယ်” လို့သိရပါတယ်။

လယ်မြေအမည် မပြောင်းချင်ရင် ရောင်းသူထံ က ပါဝါယူထားပေါ့။ ဒီတော့ ‘‘လယ်ယာမြေပိုင်ဆိုင်ခွင့်လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇)၊ ကိုအမည် မပြောင်းချင်သေးဘူး။ အိမ်ခြံမြေလိုပဲ ဝယ်ရောင်းလုပ်ချင်တယ်ဆိုရင်တော့ အဲဒီလယ်ယာမြေ လုပ်ပိုင်ခွင့် ရှိသူတွေထဲက အထွေထွေ ကိုယ်စားလှယ် လွဲစာ ယူထားလိုက်ပေါ့။

အဲဒီအထွေထွေ ကိုယ်စားလှယ် လွဲစာကလဲ အဲဒီလယ်ယာမြေရှိတဲ့ မြို့နယ်ကြေးတိုင်နဲ့မြေစာရင်းရုံးမှာပဲ လုပ်လို့ ရပါတယ်။ အဲဒီလို လယ်ယာမြေအမည်ပေါက်ထံက General Power (အထွေထွေ ကိုယ်စားလှယ်လွှဲစာ)ယူထားပြီးပြီ ဆိုရင် တော့အခြားဝယ်သူတွေကို ပါဝါ နဲ့ပြန်ရောင်းပေါ့။ အမည်ပေါက် ကိုယ်စား လက်မှတ်ထိုးပေးလို့ ရတယ်.။”

နယ်မြို့တွေမှာ အထွေထွေ ကိုယ်စလှယ် လွှဲစာတို့၊ အထူးကိုယ်စားလှယ် လွှဲစာတို့ကို တံဆိပ်ခေါင်းကပ်ပြီး အဆင်သင့် ရောင်းတာမျိုးတော့သိပ်မရှိကြဘူး။ ဒီတော့လည်း ရန်ကုန်မြို့ဘားလမ်း (မဟာဗန္ဓုလ ပန်းခြံလမ်း)က အဆင့်သင့်ရောင်းတဲ့ပါဝါတွေ ဝယ်ထားလိုက်ပေါ့။

လက်နှိပ်စက်ရေးဖို့လိုရင်တော့၊ မြို့နယ်တရားရုံးတွေမှာ စာသွားရိုက်လို့ရပါတယ်။ လက်ရှိအနေအထားမှာတော့ လယ်ယာမြေ လုပ်ပိုင်ခွင့်လက်မှတ် (ပုံစံ-၇) အရောင်းအဝယ် လုပ်ပေးတဲ့အဆင့်ကိုကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ တောရွာ မြေစာရင်းဦးစီးဌာန က တာဝန်ရှိသူတွေနဲ့အဲဒီ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာပဲ ဆောင်ရွက်လို့ ရကြောင်းကြား သိရပါတယ်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

Leave a Reply

Your email address will not be published.

x

You cannot copy content of this page