ထိန်းလို့ မရတော့တဲ့ ငွေကြေးဖောင်းပွမှုနဲ့ ပြိုလဲတော့မယ့် မြန်မာ့မြေဈေးကွက်
(ရေးသားသူ – Kyaw Swa Min) ငွေကြေးဖောင်းပွမှုနှုန်း (Inflation) သိပ်မြင့်နေရင် မြေစျေးကွက် ငြိမ်သွားပါမယ်၊ မြေဝယ်တာ မမြတ်တော့ဘူးဆိုတဲ့ခေတ် ရောက်လာမယ်၊ မြန်မာမှာ မြေစျေးဟာ ပြည်ကြီးတရုတ်စျေးဝင်ကစားလို့ အလွန်ကြီးတယ်။
မြေဟာ ဝန်ထမ်း နဲ့ သာမာန်ပြည်သူတွေ ဝယ်နိုင်တဲ့စျေး မဟုတ်တော့ဘူး။ သန်း၅၀ မှာ ၄၅ သန်း ဟာ သင့်တင့်တဲ့ ဒေသ ကမြေ ကို မဝယ်နိုင်တော့ဘူး။ စနစ်အလွန်မှားယွင်းနေတယ်။ ဝယ်သူမရှိတဲ့မြေစျေးဟာ ပျက်သွားနိုင်တယ်။ မြေ၊ ကားစျေးကွက် မတည်ငြိမ်နိုင်ဘူး။
စားသုံးသူဟာ ငွေကို စိစစ် သုံးလာမယ်။ တချိန်ချိန်မှာ ကမ္ဘာ့စျေးနဲ့ ပြန် ချိန်လို့ရတဲ့ ပစ္စည်းတွေ စျေးတက်မယ်။ ပညာရေး၊ ကျမ်းမာရေး အလွန် ဒုက္ခရောက်ကြမယ်။ ဒီကာလမှာ ဆန် နဲ့ ပြည်တွင်းစားသောက်ကုန်တွေကို မှီခိုကြလာမယ်။ ပြည်ပကုန်ပစ္စည်းအရောင်းအဝယ် ထိုင်းမှိုင်းလာနိုင်တယ်။
retail business တွေ ဆွံ့အ လာနိုင်တယ်။ နိုင်ငံဝင်ငွေခွန် အလွန်အမင်းကျဆင်းမယ်။ မူး-စ်မှောင်ခိုလုပ်ငန်း တိုးပွါးလာမယ်။ အမျိုးသား ဉာဏ်ရည်လျော့ပါးတဲ့ခေတ် တခု ဖြစ်လာမယ်။ ၁၉၉၆ မှာ မြန်မာဟာ စီးပွါးပိတ်ဆို့ခံခဲ့ရပါတယ်။ ၁၉၉၇ မှာ အာရှတိုက်စီးပွါးပျက်ကပ်ကြုံခဲ့ရတယ်။ ၁၉၉၇ မှာ မြန်မာ့ မြေစျေးအလွန်ကျဆင်းခဲ့ပါတယ်။ သိန်း ၁၀၀ တန်ကို ၄၀ လောက်အထိချရောင်းခဲ့ကြဖူးတယ်။
လက်ရှိ ငွေကြေးဖောင်းပွမှု (inflations) အချိုးနဲ့ အဲ့လောက်မကျတောင် စီးပွါးသိပ်ကြပ်ရင် မြေပိုတဲ့လူတွေက မြေကိုစျေးချရောင်း ပြီး ဒေါ်လာနဲ့ချိန်ရင် တည်ငြိမ်မယ်ထင်တဲ့ စီးပွါးရေးမှာ ဝင်ရင်းဖို့စဉ်းစားလေ့ ရှိတာ သဘာဝပါ။ အဲ့ဒါက မြေကိုပြောတာပါ။ ကွန်ဒိုနဲ့အဆောက်အဦတွေစျေးကျပေမယ့် သူ့ဆောက်လုပ် ကုန်ကျစားရိတ်နဲ့ အများကြီးရှုံးလောက်အောင် စျေးဆင်းဖို့တော့ခက်ပါတယ်။ နားလည်တဲ့လူကိုတွက်ခိုင်းပြီးတန် မတန်စဉ်းစားပါ။
တဒေါ်လာ ၁၈၅၀ ဆိုပါစို့၊ လက်ရှိ ၂၆၀၀-၂၇၀၀ စျေးဖြစ်လာတယ် ဆိုပါစို့။ ဥပမာ မြေ တကွက်ကို သိန်း ၁၈၅၀ နဲ့ဝယ် ထားတဲ့လူဟာ တလအတွင်း ၂၇၀၀ မရပါဘူး။ အဲ့ဒီလူဟာ ရွှေနဲ့ ဒေါ်လာကိုင်ထားရင် မြေထက် ပိုမြတ်တာတွေ့ရပါလိမ့်မယ်။ ဒီလို နဲ့ မြေစျေးဟာ အိဆင်းတတ်ပါတယ်။ နေရာအကွက်အကွင်းသိပ်ကောင်းရင်တော့ စျေးသိပ်မကျဆင်းနိုင်ပါဘူး။
မြန်မာမှာ လူဦးရေအချိုးအစားနဲ့ဆို တကယ်တော့ မြေအလွန် ပေါပါတယ်။ လက်ရှိစျေးကွက်ဟာ ကြီးမားတဲ့ မြေစျေးကစားတဲ့ စျေးကွက်ပါ။ သာမာန်ပြည်သူနဲ့မဆိုင်တဲ့စျေးကွက်တွေပါ။