ထိုင်းမှာ အခြေခံလုပ်အားခများ တိုးမြှင့်ပေးလိုက်ပြီ (မြန်မာရွှေ့ပြောင်း လုပ်သားများ ဝမ်းမြောက်ဖွယ်)

ထိုင်းအစိုးရကြေညာချက်အရ အထက်ပါလုပ်ငန်းများ လုပ်အားခတက်မယ်လို့ သိရပါတယ်။ မြန်မာရွှေ့ပြောင်း လုပ်သားများအတွက်ကတော့ ဝမ်းမြောက်ဖွယ်ရာပါပဲ။

ပြုစုစောင့်ရှောက်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍ (၁) ကျန်းမာရေးနှင့်သူနာပြု တစ်နေ့ 460/575 ဘတ်တက်။ (၂) မုန်းမျို့စုံထုတ်လုပ်ရေး တစ်နေ့ 400/505 ဘတ်တက်။ (၃) ကြိုဆို-ဧည့်ကြို တစ်နေ့ 440/565 ဘတ်တက်။ (၄) အစားအသောက်ကြွေးမွေး(စားပွဲထိုး) တစ်နေ့ 440 ဘတ်တက်။ (၅) ဆံပင်အလှဆင်ရေး (မ) တစ်နေ့ 440/650 ဘတ်တက်။ (၆) ဆံသ ကျား တစ်နေ့ 430/630 တက်။ (၇) သူအိုပြုစု တစ်နေ့ 600 ဘတ်တက်မည်။

စက်မှုလုပ်ငန်းကဏ္ဍ (၁) ရွှေနှင့်လက်ဝတ်ရတနာအလှဆင်တစ်နေ့ 450/650 ဘတ်တက်။ (၂) လက်သမား သစ်အလှဆင် တစ်နေ့ 430/550 ဘတ်တက်။ (၃) ရွှေနှင့်လက်ဝတ်ရတနာအလှဆင်(ရှေးဟောင်း) တစ်နေ့ 525 ဘတ်တက်။ (၄) လက်မှုပညာ ရတနာနှင့်အလှဆင်(ရှေးဟောင်း) 625 ဘတ်တက်မည်။

ဆောက်လုပ်ရေးကဏ္ဍ (၁) မျက်နှာကျက်တပ်ဆင်ရေး တစ်နေ့ 450/595 ဘတ်တက်။ (၂) ဆောက်ရေးအစီစဉ်ရေးစွဲရေး တစ်နေ့ 645 ဘတ်တက်။ (၃) ပန်းရံ တစ်နေ့ 450/650 ဘတ်တက်။ (၄) ဆေးသုတ် တစ်နေ့ 465/600ဘတ်တက်။ (၅) ကွန်ခရစ်ဆောက်လုပ်ရေးတစ်နေ့ 475/575 ဘတ်တက်မည်။ အဆိုပါနှုန်းထားများသည် ရက်ပေါင်း ၉၀ နောက်ပိုင်း အသက်ဝင်မည် ဖြစ်ကြောင်း တင်ပြအပ်ပါသည်။

တကမ္ဘာလုံး ကုန်ဈေးနှုန်းတွေ တက်ပြီး စားနပ်ရိက္ခာဈေးနှုန်းတွေ တက်လာတာကြောင့် လုပ်အားခနှုန်းထားတွေကို တိုးမြှင့်ပေးတာလို့ သိရပါတယ်။ မြန်မာပြည်မှာတော့ လုပ်အားခ မတိုးတဲ့အပြင် ရနေတဲ့ လစာတွေ လျှော့၊ ရှိတဲ့ အလုပ်တွေ ဖြုတ် ဖြစ်နေကြပြီး ပြည်သူတွေမှာ အလွန်ခက်ခဲ ကျပ်တည်းလျက် ရှိပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page