ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေနဲ့ ကားဈေးတွေ အဆမတန် တက်လာရတဲ့ နောက်ထပ်အကြောင်းရင်းတခု

ဈေးအဆမတန် မလိုအပ်ပဲ တက်ရခြင်းထဲကတစ်ခု၊ တကယ်တမ်းက အများထင်သလို Supply မရှိလို့ဈေး(အဆမတန်) တက်တာ အဓိကမဟုတ်ဘူးဗျ။

ဒေါ်လာတွေ သိမ်းလိုက်လည်း အပြင်မှာရှိတဲ့ ဒေါ်လာတွေနဲ့ ဖြစ်သလို (နည်းနည်း) အဆင်ပြေအောင် လည်ပတ်လို့ရတာကို ဝယ်ရောင်းသမားတွေက အတင်းဈေးကစားတယ်။ ဈေးဆွဲချတယ် ဝယ်ဥတယ် ပြီးရင် မရမကဈေးဆွဲတင်တယ်။ သူတို့အမြတ်ကောင်းမယ့် အခြေအနေထိရောက်အောင် သိမ်းထားတယ်။ ထုတ်မရောင်းပေးဘူး။

အဲ့တော့ ပုံမှန်ရောင်းမယ့်လူတွေကအစ တက်နိုးနိုးကိုင်ထားတယ်။ ဈေးခေါ်တယ် ဆက်ဆွဲတင်တယ်။ အဲ့တော့ ပုံမှန် ဒေါ်လာသုံးသွင်းကုန်တွေ ဈေးတက်တော့ သူတို့က မြတ်တယ်လို့ထင်ရပေမယ့် အောက်ခြေ နဲ့ အလတ်တန်းစားက အတော်ထိတယ်။ ဈေးလွှတ်တက်လို့ လုပ်ငန်းမကိုက်လို့ ဒေါ်လာသုံးလုပ်ငန်းတွေ ရပ်တဲ့ ခါ အကုန်မွဲတဲ့အခါ Demand အလိုလိုကျလာလိမ့်မယ်။

အဲ့လို လည်ပတ်လို့ ကယ်လို့မရတဲ့အချိန်ကျမှ အကုန်ခွေးဖြစ်ကြတာပေါ့။ အဲ့အချိန်မှ ထုတ်ရောင်းလည်း ဝယ်စုပြီးကိုင်ထားနိုင်တဲ့ လူတစုကလွဲရင် ကျန်တဲ့ လူမရှိနိုင်ဘူး။ ကိုယ့်လောဘနဲ့ ကိုယ်ပဲပေါ့။ အဲ့လိုဆွဲတင်ဈေးကစားလေ ကျပ်ငွေဈေးကျလေ တခြားနိုင်ငံခြားငွေလွှတ်တက်လေ တနိုင်ငံလုံးပိုဆင်းရဲလေပါပဲ။

ကားလောကလည်း ဒီတိုင်းပဲ ကားရှိရဲ့နဲ့ ထုတ်မရောင်းပဲ မလိုပဲ ဝယ်စုထားကြတာ။ ခုတော့ တလ ပုံမှန် ဒေါ်လာ သောင်းချီသုံးရတဲ့ ကျွန်တော့ လုပ်ငန်းလည်း ဒီရက်ပိုင်းတင် သိန်း ရာနဲ့ချီ ရှုံးတာမို့ ဆက်မဝယ် မလုပ်တော့ပါဘူး။ Demand နည်းနည်းသက်သာတာပေါ့။ ကံကောင်းကြပါဇီ။ (Vincent Valentine)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page