တေးရေးဆရာကြီး ဒေါက်တာစိုင်းခမ်းလိတ်ကို ဒုသမ္မတလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဦးသန်းရွှေ
ဂီတလောကမှာ နဝတကို တော်လှန်ခဲ့ကြသူတွေအထဲ ဒေါက်တာစိုင်းခမ်းလိတ်ကို အကြည်ညိုဆုံးပဲ။
ဗိုလ်သန်းရွှေပေးတဲ့ ဒီမိုကရေစီအစိုးရ ၂၀၁၀ မှာ တက်လာဖို့ အစစအရာရာပြင်ဆင်တဲ့အခါ ဒုတိယသမ္မတ သုံးဦးရွေးဖို့ အရပ်သား ဒုသမ္မတကို စဉ်းစားတဲ့အခါ အရပ်သားစစ်စစ်လည်းဖြစ်ရမယ် တိုင်းရင်းသား ပညာတတ်လည်းဖြစ်ရမယ် ထင်ရှားလူသိများ (ချစ်ခင်)သူလည်း ဖြစ်ရမယ် ဆိုတဲ့ အချက်နဲ့ စဉ်းစားကြတယ်။
ဦးသန်းရွှေဟာ ခေသူမဟုတ်ပါ။ သူရွေးပေးတာ ဒေါက်တာစိုင်းခမ်းလိတ်၊ အဲ့လောက် အထိမြင်တတ်သူပါ။ ဒေါက်တာလိတ်ကို စည်းရုံးဖို့ တာဝန်ယူရသူက ဦးသန်းရွှေရဲ့ ကျန်းမာရေးတာဝန်ခံ ကျန်းမာရေးဝန်ကြီး တရုတ်ကြီး ဒေါက်တာကျော်မြင့်ပါ။
ဒေါက်တာကျော်မြင့်က သူ့သူငယ်ချင်း ဒေါက်တာလိတ်ထံ ကိုယ်တိုင်ကိုယ်ကျ သုံးခါတိတိ သွားနားချခဲ့ပါတယ်။ မြန်မာ့ခေတ်သစ်သမိုင်းမှာ ဒုတိယအမြင့်ဆုံး အဆောင်အယောင်ကိုရရှိကာ သားစဉ်မြေးဆက်ချမ်းသာနိုင်မယ့် ရာထူး၊
ဒေါက်တာလိတ်ရော ဒေါက်တာနွဲ့တင်ရော ပြတ်ပါတယ်။ ခံယူချက် လုံးဝ မတိမ်းစောင်းခဲ့ဘူး။ ခါးနာတယ် မထိုင်နိုင် မထနိုင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ သုံးကြိမ်လုံး ငြင်းပယ်ခဲ့ပါတယ်။ ဒါကြောင့် သူ့နေရာကို ဒေါက်တာစိုင်းမောက်ခမ်းကို အစားထိုးလိုက်ရတယ်။
အသက် ၆၁ နှစ် အရွယ်ကောင်း မပြောပလောက်တဲ့ ခါးနာ ပြသနာလေးကို မြဲမြဲမြံမြံ စွဲကိုင်ပြီးခံယူချက်အတွက် ရွှေပလ္လင်ကို စွန့်ခဲ့တယ်။ ကွန်ဂရက်ကျူလေးရှင်းပါ ဒေါက်တာ။
Patrick_Tan ဝေမျှပါသည်
လေးစားလျက် Tin Win