လျှာနဲ့ လျက်ပြီး အရသာခံနိုင်မယ့် တီဗီလာပြီ (နောက်ဆိုရင် ဖုန်းစခရင်ကိုပါ လျှာနဲ့ လျက်နိုင်တော့ပါမယ်)
အနံ့အရသာခံနိုင်တဲ့ တီဗီတစ်မျိုးကို ဂျပန်တက္ကသိုလ်ပရော်ဖက်ဆာတစ်ယောက်က တီထွင်လိုက်ပါတယ်။
အထဲမှာ အနံ့ဗူး (၁၀) ခုထည့်ထားပြီး ကမ္ဘာ့အခြားတဖက်က စားသောက်ဆိုင်က စားစရာတွေကို တီဗွီကတဆင့် အိမ်ထဲကနေ အသင့်သုံးဆောင်ခံစားနိုင်စေဖို့ ဖြစ်တယ်တယ်လို့ ဆိုပါတယ်။
စားဖိုမှူးသင်တန်းတွေကိုလည်း ဒီလိုတီဗီတွေကြောင့် အဝေးကနေ သင်ကြားလာနိုင်ပါလိမ့်မယ်။ နောက်ဆိုရင် စမတ်ဖုန်းမျက်နှာပြင်တွေကို လျှာနဲ့လျက်ကြဖို့သာ ပြင်ထားကြပေတော့ (Francis Zin)
အရသာမျိုးစုံရှိသော တီဗီကို ဆက်လက်ပြုလုပ်ရန် ရယ်ရွယ်ထားတယ်လို့ သိရပါတယ်။
တီဗီမျက်နှာပြင်ကို လျာဖြင့်လျက်၍ အရသာကို ခံစားသိရှိနိုင်စေရန်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ကိုဗစ် ကပ်ရောဂါ ကာလအတွင်း လူတို့အိမ်ပြင်မထွက်ရပဲ အိမ်တွင်းတွင်သာ နေ့စဉ်အစားအစာများကို စားသုံးနေကြရသဖြင့် ငြည်းငွေ့ခြင်း စိတ်ဖိစီးခြင်းတို့ သက်သာစေရန် ရည်ရွယ်ဖန်တီးခြင်းဖြစ်ကြောင်း တီထွင်သူ ပါမောက္ခ ဟိုမေးမီယာရှီတာက ပြောပါတယ်။
မီယာရှီတာသည် မေဂျီတက္ကသိုလ်မှ ကျောင်းသား ၃၀ ခန့်တို့နှင့်အတူ အဲဒီတီဗီကို တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ကာ၊ စီးပွားဖြစ်ရောင်းချနိုင်မည်ဆိုပါက တီဗီတလုံးကို ဂျပန်ယန်းငွေ ၁သိန်း (ကန်ဒေါ်လာ ၈၇၅ ခန့်) နှင့် ရောင်းချနိုင်မယ်လို့ သိရပါတယ်။