မြန်မာတနိုင်ငံလုံးက လူတွေရော၊ တောက်တဲ့တွေပါ ဒုက္ခရောက်ခဲ့ရတဲ့ တောက်တဲ့အရောင်းအဝယ်ဂျင်း
တောက်တဲ့ လိမ်နည်း ကတော့ ပိုပညာပါ တယ်ဗျ၊ ပြည်ပကလူတွေပါ ပေါင်းကြံတာ၊ ထိုင်းနဲ့အင်ဒို ကကောင်တွေ လုပ်တာများ တယ်၊ ဝက်ဘ်ဆိုက် အတု ပါဆောက်ထားပြီးမှ လိမ်စားတာ၊
တောက်တဲ့နဲ့ တူတဲ့မျိုးစိတ် တစ်ခုကို ကျောက်တောက်တဲ့လို့ နာမည်ပေး၊ မြဝတီလမ်းကြောင်းက သွင်းပြီး ရောင်းမယ် သတင်း ဖြန့်၊ တဘက်ကလည်း ဝယ်မယ် သတင်းဖြန့် ပြီးမှ လောဘနဲ့ ကြားက စိုက်ဝယ်မယ့် သူကို ထောင်ဖမ်းပြီး အဆင့်ဆင့် လက်ပြောင်း ဝယ်ခိုင်းတာ၊
ပြီးမှ အဝယ်ကို ဖျောက်လိုက်တော့ သိန်း ၇၀၀လောက်နဲ့ နောက်ဆုံး ဝယ်ထား ခဲ့တဲ့ မြဝတီ၊ ဘားအံ တလျှောက်က လူတွေ အများကြီးခံလိုက်ရပါတယ်၊ ပြန်ရောင်းရင် သိန်းနှစ်သိန်းလောက် ရမယ် မျှော်လင့်ချက်နဲ့ပေါ့၊
ကျွန်တော် မိတ်ဆွေ တွေပါတာပေါ့ဗျာ၊ သူတို့မှာ အဲဒီ ကျောက်တောက်တဲ့ဆိုတဲ့ အကောင်နဲ့ ခုထိဒုက္ခရောက်တုန်း၊ သေမှာလည်း ကြောက်ရ၊ ပြန်ရောင်းလို့လဲမရနဲ့ အဲဒီကောင်ကို သူ့ အဖေအမေထက်တောင် ဂရုစိုက်နေရတယ်၊
ဒီသတင်းကြောင့် တကယ့်တောက်တဲ့တွေပါ အဖျားခတ်ကုန်ပြီး လိုက်ဖမ်းကြ၊ ၂၀ ကျပ်သားပြည့်မှ ဝယ်မယ် ဆိုလို့ ကြီးအောင်မွေးထားကြနဲ့ လူရော၊ တောက်တဲ့ပါ တော်တော် ဒုက္ခရောက်ကြတယ်၊
အားရင်အသေးစိတ် ရေးပြ ပါဦးမယ်၊ ဒဂုံမြေကွက်ကစားတာနဲ့ ဆင်ပါတယ်။
H.H