ချစ်သူနှင့် ဖုန်းပြောစဉ် အရှိန်လွန်သွား၍ မီးသတ်အဖွဲ့ပါ ခေါ်လိုက်ရတဲ့ အဖြစ်
အဖြစ်ကတော့ မနှစ်ကနဲ့ မတူဆိုသလိုပါပဲဗျာ။ စူပါမားကပ်တွေမှာ အပေါက်ပါတဲ့ ထိုင်ခုံတွေ ရှိခဲ့ရင်လည်း ဂရုပြု ထိုင်ကြပါလို့ ကြိုတင် အသိပေးလိုက်ပါရစေ။
အပေါက်ပါတဲ့ ထိုင်ခုံတွေဟာ ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာခြင်း၊ သာမာန်အားဖြင့် ကျိုးပဲ့ဖို့ မလွယ်ကူခြင်း၊ ဒီဇိုင်းဆန်းခြင်း စတဲ့ အချက်တွေကြောင့် လူအများအပြား လာရောက်တဲ့နေရာတွေမှာ အသုံးပြုလေ့ ရှိကြပါတယ်။
ဒါပေမယ့် တချို့ လူတွေအတွက်တော့ အပေါက်ပါတဲ့ ထိုင်ခုံတွေဟာ အိပ်မက်ဆိုးလို ဖြစ်ခဲ့ကြပါတယ်။
ပုံမှာ ပါတဲ့ ဖြစ်ရပ်ကတော့ မြန်မာပြည်မှာ ဖြစ်ပွားခဲ့တာ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံလို အရှေ့တောင် အာရှနိုင်ငံ တခုခုမှာ ဖြစ်ပွားခဲ့တာပါ။
ကောင်မလေး တယောက် ချစ်သူနဲ့ ဖုန်းပြောနေတုန်း လူငယ်သဘာဝအနေနဲ့ အားတဲ့ လက်တဖက်နဲ့ ဟိုထိုး ဒီထိုး ဟိုဆိတ် ဒီဆိတ် လုပ်ရင်းကနေ ခုံက အပေါက်ထဲ လက်ချောင်း ထိုးထည့်မိပြီး ပြန်မထုတ်နိုင်တဲ့ အဖြစ်ကို ရောက်ခဲ့တာပါ။
နည်းမျိုးစုံနဲ့ ထုတ်လို့ မရတော့ မီးသတ်တပ်ဖွဲ့ကိုပါ ခေါ်ယူခဲ့ရပြီး ခုံကို ဖြတ်တောက်ကာ လက်ကို အသည်းအသန် ပြန်ထုတ်ခဲ့ရပါတယ်။
ဒီအဖြစ်အပျက်ကို သင်ခန်းစာယူပြီး သမီးရည်းစားတွေ ဖုန်းပြောတော့မယ်ဆိုရင် အပေါက်ရှိတဲ့ ထိုင်ခုံကို မရွေးချယ်မိစေဖို့နဲ့ အားတဲ့ လက်က ဟိုထိုး ဒီထိုး မလုပ်ကြဖို့ ဒီနေရာကနေ တိုက်တွန်းလိုက် ရပါတယ် ခင်ဗျာ။