တန်ဖိုး အလွန်ရှိတဲ့ ဂမ္ဘီရ ကျောက်လိပ် အကြောင်း သိကောင်းစရာနဲ့ အစီအရင်များ
ကျောက်ဖြစ်နေသော လိပ်သတ္တဝါပုံစံ ကျောက်လိပ်များအား ကျောက်ဆောင် ထူထပ်၍ ရေနှင့်နီးသည့် နေရာများတွင် တွေ့ရတက်ပါတယ်။
ကျောက်လိပ်၏ အသုံးဝင်ပုံမှာ ရေဖလားထဲတွင်ထည့်၍ ပြဒါးကျွေးထားလျှင် ရက်အတန်ကြာသည့်အခါ ထိုကျောက်လိပ်မှ စွန့်ပစ်သော အညစ်ကြေးမှာ ရွှေဖြစ်နေတက်သည်ဟု ကြားဖူးပါတယ်။
ကျောက်လိပ် ဆိုတာ လိပ်ပုံစံနဲ့ အသေချာ မတူပါ အနည်းငယ်တူရုံမျှနဲ့ပင် စွမ်းပါတယ်။ ကျောက်ရေကန်လေးနဲ့ ထားပေးရတယ်။
အနားမှာ ပေါက်ပေါက်ပွင့်ကျွေးရပါတယ်။အိမ်အဝင် တံခါးဘက်ကို ခေါင်းလှည့်ရပါတယ်။ လဘ်လာဘ အလွန်ပွင့်ပါတယ်။ ကျောက်လိပ်စစ်ခဲ့ရင် အနားမှာရှိတဲ့ ပေါက်ပေါက်တွေ ပျောက်သွားပါလိမ့်မယ်။ ကျောက်လိပ်ရှိပါလျက် လာဘ်တိတ်ပြီး မွဲတေနေပါက ခေါင်းကိုပြောင်းပြန်ထားမိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ကျောက်လိပ်ကြီး တကောင်ကို ကိုယ်တိုင်တွေ့ရှိခဲ့သူ တယောက်ရဲ့ ကိုယ်တိုင်ရေးသားချက်ကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ် ခင်ဗျာ။
ကျ နော် ၂၀၁၄ ခုနှစ်က သင်္ကြန် ပခုက္ကူ ပြန် ပြီး ဘုန်းကြီးဝတ် ပါတယ် ဘုန်းကြီးထွက် လို့ သူငယ်ချင်း နဲ့ ကော်ဖီသောက်ရင်း စကားစပ်မိပြီး ကျောက် ဖြစ် ရုပ်ကြွင်းလိပ် ကြီးတွေ့ ထားတယ်။ မင်း လိုက် ကြည့်မလားစိတ်ဝင် စားလားလို့ပြော လို့ ပခုက္ကူနဲ့မိုင် ၄၀ ဝေးတဲ့ နေရာတစ် ခု က လျှိုကြီးတစ် ခု ထဲကို အညာနေ ပူ ပူမှာ ကျ နော်လိုက် ကြည့် မိတယ်
ကျနော် မှာ မရှိ မဲ့ရှိမဲ့ ငွေလေးနဲ့ တစ်ခါ တည်း တွေ့ တဲ့သူ ဆီက ဝယ် လိုက်မိတယ်။ အရမ်းကို ရိုးသားတဲ့ ရွာ လေးတစ်ရွာက ပါ။ ကျနော် ပခုက္ကူနဲ့ လိပ်ကြီးရှိ တဲ့ နေ ရာကို နေ့ ချင်းပြန်ကိုးရက် တိတိ ဆိုင်ကယ်စီး သွားပြီးခဲရာ ခဲဆစ် အခက် အခဲပေါင်းများစွာနဲ့ ပခုက္ကူ နဲ့၁၂ မိုင် ဝေးတဲ့ ကျနော်ရွာကိုအောင်မြင်စွာသယ် ဆောင် နိုင် ခဲ့ပါ တယ်
ကျောက် လိပ် ကြီးကို စပြီးသယ် ဖို့လုပ် တော့ သုံးရက်တိတိလှုပ် ယုံပဲလှုပ်တယ်။ ဘယ်လို မှကို သယ်မရဖြစ်လို့ကျနော် လက် လျှော့ရမလို ဖြစ် ခဲ့ရပါတယ်
ရန်ကုန်က အမ တစ်ယောက်ကနင့် ကိုယ်ကျင့်တရားသီလ နဲ့ သယ်မရ ဖူးပြောတော့ကျနော် ပြန် ပြောလိုက်တယ်။ ရအောင် သယ်မယ် ကျနော်ကိုယ် ကျနော်ယုံတယ်။ သုံးရက် မြောက်နေ့မှာကျနော် ပွဲပေးရပါတော့တယ်။ သစ္စာ ဆို တယ် ကျနော်ရွာကို တစ် နှစ် ထားခွင့်ပြုပါ။ ထိုက် တန် တဲ့ နေရာကိုပို့ခွင့်ပြုပါလို့ သစ္စာဆိုတယ်။ တောင် စောင့်နတ် တောစောင့်နတ်တွေ ဆိုင် ရာပိုင်ရာတွေကို မေတ္တာပို့ တယ် သယ်ခွင့်ပြုပါ လို့ ပြောတယ်။
တစ် မိုင် နီးနီးလောက် ကျနော် တစ်ယောက်တည်း လမ်းလျှောက် ဘုရားစာရွတ်မေတ္တာပို့ရင်း လျှို တစ်ခုအ ရောက် မှာ ကျောတွေချမ်းပြီး ကြက်သီး တွေထပြီး ရှေ့ မတိုး ရဲ လို့ နှောက်ဆုတ်ပြီး လိပ် ကြီး ရှိတဲ့ နေရာ ကိုပြန် ခဲ့ရပါ တယ် ကိုးရက်မြောက်နေ့ မှာတော့ အောင်မြင်စွာသယ်ယူ နိုင် ခဲ့ပါ တယ်။
ကျနော့်ရွာ ဆိုတာက ပခုက္ကူနဲ့ ၁၂ မိုင် ဝေးတဲ့ လှည်းချောင်းပေါက်ကြီး ကျေးရွာဖြစ်ပါ တယ်။ မြစ် ရေ ဝင် တဲ့ ရွာပါ။ ရေ မဝင် တာ လေးနှစ်တိတိရှိပါပြီ။ ကျောက် လိပ် ကြီးရောက် မှလိပ်ကြီး အနား အထိ မြစ် ရေ ရောက် ပါ တယ်
ထူးခြား မှု ပေါ့တစ်နေ့ မှာ ကျနော် ဦးကျော်သူ ကိုပဲမျက် စိ ထဲ ရေ ချိုး နေရင်းနဲ့ ခဏ ခဏ မြင် ရောင် နေ မိတယ် ဘာလဲဟပေါ့ ကျနော် စဉ်စားမိပြီးဦးကျော်သူ ဖုန်းနံပါတ်ကိုအမ တစ် ယောက် ဆီကရပါ တယ်
ဦးကျော်သူနဲ့ ဖုန်းပြော ပြီး ဦးကျော်သူဦးစီး တည်ထား ကိုးကွယ်တော်မူသော ပြည်ဖိုးဦးတောင် မဟာပဏီတ ပရဟိတအောင်တော်မူ မြတ်စွာဘုရားမှာ လှူလိုက် ပါ တယ်။ လှူဖို့ကတိ ပေးပြီးမှ လိုက်ဝယ် ကြ ပါတယ် အရင် ကလဲဝယ် ကြ ပါတယ်
ကျ နော် မ ရောင်းခဲ့တာပါကျ နော် စဉ်စားပါတယ် အခု လို လှူရ တာအရမ်းကို ပျော် ပါတယ်။ နောင် နှစ် ပေါင်းများစွာအထိကျန် ရစ် ခဲ့မှာပါ။
ဝယ် တဲ့ သူကို ကျနော်ပြောလိုက် မိပါတယ်။ ငါ ဦးကျော် သူကို လှူဖို့ကတိ ပေးထားပြီးပြီ ငါ အရမ်းလေးစားပြီး တန် ဖိုးထားတဲ့ သူ တစ် ယောက်ကို ကတိမဖျက် ချင် ဖူး။ ဘယ် စျေးပေးပေး မ ရောင်း တော့တာ ပါ။ ကတိသစ္စာ တည်ရင်နွယ် မျက် သစ်ပင် တောင်ဆေးဖက် ဝင် တယ် လို့ရယ် ပြီး ပြော လိုက် မိတယ်
ကျနော် ပိုက် ဆံချမ်းသာတဲ့ လူတန်းစား မဟုတ် ပါဖူးအခု အလှူ ကလဲခု နှစ် ရက် သားသမီးနဲ့ အားလုံးကို ကိုယ်စားပြု ပါတယ် ဘယ်အရာမှ မပိုင် ကြပါဖူး သေ ရင် ကိုယ့် နောက် ဘာ မှ မပါ ပါ သေ ရင် ကိုယ့်နောက်ပါ မှာက ကုသိုလ် နဲ့ ဘာဝနာပါ သေ သောချိန်ခါ ကိုယ့်နောက်ပါ ပစ္စည်း ဉစ္စာမဟုတ်ပါ သေ သော ချိန်ခါကိုယ့် နောက်ပါ ကုသိုလ် ဘာဝနာ ပါ
အ မေစု ပြောသလို ကိုယ့် လိပ်ပြာ ခုံရုံးမှာ ကိုယ့် ကိုယ် ကို မားမားမတ် မတ်အစစ် ခံဝံတယ်။ လှူ တာက လည်း နောင် လာ နှောက်သားတွေ က လေးတွေ အားလုံးကြည့်ဖို့ တခြား နိုင် ငံ မ ရောက် ဖို့ဘုရား မှာ လှူ တာ ပါ
ဦးကျော်သူ နှင့် ပြည် သုခနားရေးကူ ညီမှု အသင်းမှ အတွင်းရေးမှူး ဦးညီညီအောင်ကျောက်လိပ်ကြီး သယ် တုန်းကအမြဲတမ်း မ မောအပန်းလိုက် ပေးတဲ့ ဦးလေးဝိုင်းဝန်းပြီး ကူ ညီ ကြ တဲ့ရွာ သူ ရွာသားများကိုအများကြီး ကျေးဇူးတင် ပါတယ်။
(ကျော်လွင်ဦး)